စလင်းမြို့နယ်တွင်ဝါစိုက်တောင်သူများဝါပွင့်များစတင်ဆွတ်ခူးဝါဈေးနှုန်ကောင်းရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင်ဝါစိုက်တောင်သူများဝါပွင့်များစတင်ဆွတ်ခူးဝါဈေးနှုန်ကောင်းရရှိ

 


MNP - နိုဝင်ဘာ  ၂၀


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အင်ကြင်းပင်လှကျေးရွာအုပ်စုနှင့် စလင်းမြို့နယ်အတွင်းရှိ ကျေးလက် ဒေသတောင်သူအများအပြား ငွေချည်ဝါစိုက် တောင်သူများ၏ ယခုနှစ်မိုးရာသီ စိုက်သီးနှံဝါများစတင်၍ ဝါကောက် (သို့) ဆွတ်ခူးနေပြီ ဖြစ်ကြောင်း တောင်သူများထံမှ သိရှိရသည်။


စလင်းမြို့နယ်အတွင်းရှိ အင်ကြင်းပင်လှကျေးရွာ တောင်သူအများစုသည် ယခုနှစ် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစဉ်ငုံတို့ကို စိုက်ပျိုးကြရာမှ ဝါစိုက်ပျိုးရေးလုပ်ငန်းကို ယခုနှစ်ပိုမိုလုပ် ကိုင်လာကြသည်။ အင်ကြင်းပင်လှကျေးရွာအုပ်စု တောင်သူ ဦးဝေလု၊ ဒေါ်ပပလှိုင် စိုက်ပျိုးထားသည့် ဝါစိုက်ဧက၊(၃)ဧကမှ စတင်ဆွတ်ခူးနေပြီး စတင်စိုက်ပျိုးရက်မှ ဆွတ်ခူးချိန်အထိ (၄) လကျော်ကြာမြင့်ကြောင်းဖြင့် ချည်မျှင်ရှည်ဝါ တစ်ပိဿာကို ယခုနှစ် (၃၀၀၀) ကျပ်ပေါက်ဈေး ရရှိပြီး ပြီးခဲ့တဲ့နှစ်က တစ်ပိဿာကို (၂၇၀၀) ကျပ်မှ (၃၀၀၀)ကျပ်အထိ ရောင်းချခဲ့ရကြောင်း စိုက်ခင်းတစ်ဧက  ကုန်ကျစရိတ် (၄)သိန်းကျော်ရှိပြီး ယခုနှစ်ဝါစိုက်ပျိုးပြီးနောက်ပိုင်း မိုးမရွာသွန်းခဲ့သဖြင့် ထင်သလောက် မရရှိနိုင်ဘူးဟု ပြောကြားခဲ့သည်။ ဝါတစ်ဧက ပျမ်းမျှ ၄၈၀ ပိဿာမှ ၅၀၀ ကျော်ဝါထွက်နှုန်း ကောင်းပြီး အသုံးပြုမှုကောင်းရင် ကောင်းသလို ထွက်ရှိတယ်ဟုပြောပြသွားခဲ့သည်။


ယခုနှစ် ဝါကောက်ချိန်တွင် ကျေးရွာနေပြည်သူတွေအတွက်လည်း အလုပ်အကိုင်တွေရရှိ လာတယ် ဝါကောက်နေ့စားခ တစ်မနက်ကို ၂၀၀၀ ကျပ်သာပေးရပြီး တစ်နေကုန်ဆို ၄၀၀၀ ကျပ်ပေးရကြောင်းဖြင့် ယခုနှစ်တွင်လည်း ဝါဈေးကောင်းသဖြင့် စလင်းမြို့နယ်အတွင်း ဝါစိုက်ပျိုးဧက (၂၂၄၅၀) ဧကစိုက်ပျိုးခဲ့ပြီး၊ ဝါမျိုးစေ့ထုတ်စိုက်ဧက ၂၃၄ ဧက စိုက်ပျိုး ထားကာ ယှဉ်ပြိုင်စမ်းသပ် ၁ ဧက၊ ငွေချည် ၁၁ မျိုးနှင့် ရွှေတောင် ၈ ရွှေတောင် ၁၀၊ ငွေချည် ၁၁ ရာကာ ၄ မျိုး ၅၀ ဧကစိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။            


 သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)