မာန်အောင်မြို့ မဟာဓမ္မိကာရုံကျောင်းတိုက်၌ (၃၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့ မဟာဓမ္မိကာရုံကျောင်းတိုက်၌ (၃၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ






MNP ၊ နိုဝင်ဘာ ၅

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ မဟာဓမ္မိကာရုံ ကျောင်းတိုက်၌ (၃၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီက မြို့မရပ်ကွက်ရှိ မဟာဓမ္မိကာရုံ(ရွှေကျင်)ကျောင်းတိုက်တွင်ကျင်းပ ပြလုပ်ခဲ့သည်။ 

   

အခမ်းအနားတွင် ပင့်ဖိတ်ထားသော ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ 

        

ထို့နောက် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊မဟာဓမ္မိကာရုံဆရာတော်ဘဒ္ဒန္တဝိစိတ္တသာရ ထံမှငါးပါးသီလကို ခံယူဆောက်တည်ကြပြီး ပင့်သံဃာတော်အရှင်သူမြတ်(၄၆)ပါးတို့က ရွတ်ပွားသရဇ္ဇျယ်ကြသော မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို နာယူခဲ့ကြသည်။


ဆက်လက်၍ မဟာဓမ္မိကာရုံကျောင်းတိုက်ဒါယကာ၊ဒါယိကာမ များကိုယ်စား ကျောင်းဒါယကာဦးသာညွန့်မှ ကထိန်လျာမြတ်သင်္ကန်းနှင့်ဒါယကာ၊ဒါယိကာမများက လှူဖွယ်ဝတ္ထုပစ္စည်းများကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြပြီး ပြင်ကောက်ကျေးရွာကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ ပညာဝုဓထံမှကထိန်အကျိုးတရားတော်မြတ်ကို နာယူ၍ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှ ပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)