ပခုက္ကူမြို့၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)ဆိုင်ရာ လက်ကမ်းစာစောင်ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)ဆိုင်ရာ လက်ကမ်းစာစောင်ဖြန့်ဝေ

 




MNP - နိုဝင်ဘာ ၅


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) ဆိုင်ရာ ပြည်သူများသို့အသိပေးထုတ်ပြန်ချက် လက်ကမ်းစာစောင် များကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများထံ လိုက်လံဖြန့်ဝေပေးခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်လင်းမောင်နှင့် အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်မျိုးထွန်းနှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ၊ လူစည်ကားရာလမ်းမကြီးနှင့် လမ်းဆုံ၊ လမ်းခွနေရာများရှိ ဒေသခံပြည်သူ (၁၀၀၀) ဦးထံ လိုက်လံဖြန့်ဝေပြီး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။


အဆိုပါလက်ကမ်းစာစောင်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြုကတ်တစ်မျိုးမျိုး ကိုင်ဆောင်သူ(၅၂)သန်းအား စာရင်းရေးသွင်းပြီးဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားအသိအမှတ်ပြုကတ်များ၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များ ပျက်စီး/ပျောက်ဆုံးခြင်း၊ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်အသစ်ပြုလုပ်လိုခြင်း၊ သတ်မှတ်ထားသော အသက်အပိုင်းအခြားအတိုင်း ပြန်လည်လဲလှယ်လိုခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပါ အချက်အလက်များ ကွဲလွဲခြင်းနှင့်တစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင် ထားရှိခြင်းများအတွက် သက်ဆိုင်ရာမြို့နယ်လဝကရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်ရမည့် အချက်များပါဝင်ပြီး သတ်မှတ်ကာလအတွင်း ဆောင်ရွက်ပြီးစီးခြင်းမရှိပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။


သတင်း - ဘာမီသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)