မူဆယ်မြို့တွင် အများပြည်သူသုံးစွဲရန် မသင့်လျော်သည့် တရုတ်နိုင်ငံထုတ်စားသောက်ကုန် ပစ္စည်းများအား မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်မြို့တွင် အများပြည်သူသုံးစွဲရန် မသင့်လျော်သည့် တရုတ်နိုင်ငံထုတ်စားသောက်ကုန် ပစ္စည်းများအား မီးရှို့ဖျက်ဆီး




MNP - နိုဝင်ဘာ  ၂၄


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် အများပြည်သူများ သုံးစွဲရန်မသင့် လျော်သည့် တရုတ်နိုင်ငံထုတ်စားသောက်ကုန်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မူဆယ်မြို့အကောက်ခွန်ဦးစီးဌာနရုံးဝင်းအတွင်းရှိ ဖျက်ဆီး‌ရေးကွင်း၌ မီးရှို့ဖျက်ဆီးခဲ့သည်။


အဆိုပါ စားသောက်ကုန်ပစ္စည်းများ မီးရှို့ဖျက်ဆီးရာတွင် အကောက်ခွန်ဦးစီးဌာန၊ မူဆယ် ၁၀၅ မိုင် ညွှန်ကြားရေးမှူး ဦးကိုကိုနိုင် ဦးဆောင်သော(၆)ဦးအဖွဲ့ဖြင့် တရုတ်နိုင်ငံထုတ်အချိုရည် မျိုးစုံ(FDAမပါရှိ) 4050kg၊ တရုတ်နိုင်ငံထုတ်ဂျယ်လီ(FDAမပါရှိ) 80kg၊ တရုတ်နိုင်ငံ ထုတ်မုန့် မျိုးစုံ (FDAမပါရှိ) 270kg၊ တရုတ်နိုင်ငံထုတ်ကြက်ဥချောင်းမျိုးစုံ (FDAမပါရှိ) 100kg၊ Budweiser Beer (330 ml)(1x24 Can)(C/O China) 40Pkgs၊ R ro Cocktail(275ml) (1x24 Bottle) 35Pkgs၊ တရုတ်နိုင်ငံထုတ်စီးကရက်မျိုးစုံ 290Cartoon တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး စုစုပေါင်း ခန့်မှန့်တန်ဖိုး (၃၃၃၆၁၀၀၀) ကျပ်ခန့်ရှိကြောင်း သိရသည်။


ယင်းမီးရှို့ဖျက်ဆီးရာတွင် မူဆယ်(၁၀၅)မိုင် အကောက်ခွန်ဦးစီးဌာန ညွှန်ကြား‌ရေးမှူး ဦးကိုကိုနိုင်၊ မူဆယ်မြို့ စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်လွင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ ပြည်တွင်း အခွန်များဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်ကျန်းမာရေးဌာန (သွားကျန်းမာရေး) ဦးစီးအရာရှိ ဒေါက်တာ စိုင်းအောင်ကျော်စော၊ မူဆယ်မြို့ အကောက်ခွန် ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးဌေးနှင့် သက်ဆိုင်ရာ တာဝန်ရှိဌာန ဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ဇင်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)