နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေး စီမံကိန်းလုပ်ငန်းများ မြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ရန်ပုံငွေများကို ဘဏ္ဍာစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ လွှဲပြောင်းသုံးစွဲနိုင်ရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေး စီမံကိန်းလုပ်ငန်းများ မြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ရန်ပုံငွေများကို ဘဏ္ဍာစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ လွှဲပြောင်းသုံးစွဲနိုင်ရေး ညှိနှိုင်းဆွေးနွေး




MNP - နိုဝင်ဘာ   ၂၄


နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေး စီမံကိန်းလုပ်ငန်းများ မြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ရန်ပုံငွေကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ တောင်သူများ လက်ဝယ်အရောက် လွှဲပြောင်းအပ်နှံနိုင်ရေးအတွက် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်အဆင့် ကြီးကြပ်မှုကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်၏ စီးပွားမြှင့်တင်ရေးအတွက် လုပ်ငန်းစီမံချက်များ၊ လုပ်ထုံးလုပ်နည်း၊ နည်းစနစ်များ ထုတ်ပြန်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့ ရန်ပုံငွေများ ဆောင်ရွက်ကြမည့် အစုအဖွဲ့သော်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း လွှဲပြောင်းအပ်နှံ၍ လုပ်ငန်းများ မြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့် စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။


ဆက်လက်၍ ပြည်နယ်အဆင့် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများ ရင်းနှီးမတည်သုံးစွဲရာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဘဏ္ဍာရေးစည်းကမ်း၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များက ရန်ပုံငွေများကို လုပ်ငန်းကဏ္ဍများအလိုက် ရင်းနှီးလုပ်ကိုင်ကြမည့် တောင်သူများအတွက် ခရိုင်၊ မြို့နယ်၊ ကျေးရွာ အဆင့် ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် လွှဲပြောင်းအပ်နှံနိုင်ရေး၊ စိစစ်ကြပ်မတ်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို အသီးသီး တင်ပြဆွေးနွေးခဲ့ကြသည်။


ဆွေးနွေးတင်ပြမှုများအပါ် ပြည်နယ်ဝန်ကြီးချုပ်က ရန်ပုံငွေလွှဲအပ်ပြီး လုပ်ငန်းများ မြန်ဆန် ထိရောက်စွာ စတင်ဆောင်ရွက်တော့မည် ဖြစ်သည့်အတွက် ကြီးကြပ်မှုကော်မတီအဆင့်ဆင့်နှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများကို သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အလိုက် သွင်းအားစုများ ကူညီပံ့ပိုးကြပ်မတ် ဆောင်ရွက်သွားနိုင်ရေးနှင့် လိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)