စဉ့်ကူးမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကျင်းပ





MNP ၊  နိုဝင်ဘာ  ၂၈

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စာမေးပွဲကို ယနေ့နံနက်ပိုင်းက စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင် နှင့် ဒုတိယမြို့နယ်ပညာရေးမှူး၊  ကြီးကြပ်ရေးမှူး ဆရာ၊ ဆရာမကြီးများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။


အဆိုပါ လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများမှ Grade-9 ၃၅ ဦး၊ Grade-10 ၁၄ ဦး၊ Grade-11 ၁၄ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၆၃ ဦးတို့သည် ယနေ့တွင် မြန်မာစာနှင့် အင်္ဂလိပ်စာဘာသာရပ်အား ဝင်ရောက်ဖြေဆိုလျက်ရှိပြီး နိုဝင်ဘာ(၂၉)ရက်နေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့စစ်ဆေးမှု အားလည်းကောင်း၊ နိုဝင်ဘာ(၃၀)ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်း တို့အားလည်းကောင်း ဆက်လက် ဖြေဆိုသွားရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ထံမှ သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)