ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဂျပန်-မြန်မာ ချစ်ကြည် ရေးအသင်း ဥက္ကဋ္ဌ H.E. Mr. Hideo Watanabe တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဂျပန်-မြန်မာ ချစ်ကြည် ရေးအသင်း ဥက္ကဋ္ဌ H.E. Mr. Hideo Watanabe တွေ့ဆုံ





MNP ၊ နိုဝင်ဘာ ၂၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် အဖွဲ့သည် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ H.E. Mr. Hideo Watanabe အား ယနေ့ နံနက်ပိုင်းက ပြည်ခိုင်ဖြိုးပါတီဌာနချုပ်၊ ဧည့်ခန်းမဆောင်၌ ချစ်ကြည်ရင်းနှီးစွာ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌမှ ပါတီ၏ လတ်တလောဦးစားပေး နယ်ပယ်အလိုက် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းပြခဲ့ပြီး H.E Mr. Hideo Watanabe က ၎င်း ၏ နိုင်ငံရေးအတွေ့အကြုံများ၊ မြန်မာနိုင်ငံနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပေါ် စဉ်ဆက်မပြတ် ကူညီဆောင်ရွက် ပေးနေမှုများ၊ နှစ်နိုင်ငံပါတီအချင်းချင်း ဆက်သွယ်ဆက်ဆံနိုင်ရေး ဆောင်ရွက်ပေးမည့် အခြေအနေများကိုလည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

တွေ့ဆုံပွဲသို့ ပါတီဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌများဖြစ်သော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်လှိုင်၊ ဦးအောင်စိုးနှင့် ဦးအေးလွင်တို့ တက်ရောက်ခဲ့ကြပြီး ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းမှ H.E. Mr. Hideo Watanabe နှင့်အတူ အဖွဲ့ဝင် (၂)ဦး လိုက်ပါတွေ့ဆုံခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)