ပေါက်တောမြို့၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အခမ်းအနားပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်တောမြို့၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အခမ်းအနားပြုလုပ်




MNP ၊  နိုဝင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌  ၂၀၂၂-ခုနှစ် ဒီဇင်ဘာလ(၃)နေ့တွင်ရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အခမ်းအနားကို ရွှေမင်းသား ဖေါင်ဒေးရှင်း(မြန်မာ)နှင့်မိတ်ဆက်အဖွဲ့ အစီအစဉ် ဖြင့် ရခိုင်ပြည်နယ် မသန်စွမ်းသူများအသင်း ဘဏ္ဍာရေးမှူး ပေါက်တောမြို့နယ် မသန်စွမ်းသူများ ဥက္ကဋ္ဌ ဦးသန်းဝင်းချေ ကြီးကြပ်၍ ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ယနေ့ နံနက် (၁၀)နာရီအချိန်က ပြုလုပ်သည်။

အခမ်းအနားတွင် ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းမှအဖွင့်အမှာစကားပြောကြားခြင်း၊ ပေါက်တောမြို့နယ် မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ ဦးသန်းဝင်းချေ မှ အခမ်းအနားသို့တက်ရောက်လာကြသည့် မသန်စွမ်းသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်သည့် မသန်စွမ်းသူများအား  မသန်စွမ်းသော်လည်း စိတ်ဓါတ်မကျဘဲ ကိုယ့်အားကိုယ်ကိုး နိုင်စေရန်အတွက် နိုင်ငံတော်မှ အသက်မွေးဝမ်းကျောင်း ပညာများကိုသင်ကြားပေးလျက်ရှိသည့်အတွက် တက်ရောက်သင်ကြားလိုသူများအား ကူညီပေးစေလိုကြောင်း အခမ်းအနားသို့ တက်ရောက်လာကြသည့် မသန်စွမ်းသူများကို ကျေးဇူးတင်စကားပြောကြားပြီးနောက်၊ မသန်စွမ်းသူများ  အဆိုပြိုင်ပွဲ၊ အပ်ခြေထိုးပြိုင်ပွဲ၊ မိတ်ကပ်လိမ်းအလှပြင်ပြိုင်ပွဲများ၊ကျင်းပပေးကြပြီး ပြိုင်ပွဲဝင်သူများကို တာဝန်ရှိသူများမှ  ပထမ၊ ဒုတိယ၊ တတိယဆုများပေးအပ်ချီးမြှင့်ခြင်း၊ ဆုမရရှိသူများကို အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မသန်စွမ်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)