ပန်းတနော်မြို့နယ်တွင် ထယ်ရေးမလိုသောမျိုးစေ့ချကရိယာ အသုံးပြုစိုက်ပျိုးခြင်း သရုပ်ပြ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်းတနော်မြို့နယ်တွင် ထယ်ရေးမလိုသောမျိုးစေ့ချကရိယာ အသုံးပြုစိုက်ပျိုးခြင်း သရုပ်ပြ



MNP -ာ နိုဝင်ဘာ ၇


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ထယ်ရေးမလိုသော မျိုးစေ့ချကရိယာ အသုံးပြုစိုက်ပျိုးခြင်း သရုပ်ပြပွဲကို စက်မှုလယ်ယာဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းက ဆုတောင်းပြည့်ကျေးရွာအုပ်စု တောကြီးကျေးရွာ တောင်သူဦးကျော်အေးငြိမ်း၏ ကွင်းအမှတ် ၅၈၃၊ ဦးပိုင်အမှတ် ၃၄/ ၁ ရှိ လယ်ယာမြေ (၃) ဧကတွင် ပြုလုပ်ခဲ့သည်။


သရုပ်ပြပွဲတွင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းဇော်ဦးက တောင်သူများအနေဖြင့် လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းလာရန် ရည်ရွယ်၍ ထယ်ရေးမလိုသော မျိုးစေ့ချကရိယာ အသုံးပြုစိုက်ပျိုးခြင်းအားဖြင့် စိုက်ပျိုးစရိတ်ကုန်ကျမှုသက်သာခြင်း၊ တောင်သူများ မြေပြုပြင်စရိတ်လျော့နည်းစေခြင်း၊ လုပ်သားရှားပါးမှုကိုဖြေရှင်းနိုင်ခြင်း၊ အတန်းအလိုက်စိုက်ပျိုးခြင်းဖြင့် မျိုးစေ့ကုန်ကျမှုနည်းခြင်း၊ လေဝင်လေထွက်ကောင်းမွန်ခြင်း၊ ကြားပေါင်းလိုက်ရာတွင် လွယ်ကူခြင်းနှင့် အထွက်နှုန်းကောင်းမွန်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း  တောင်သူများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး တောင်သူဦးကျော်အေးငြိမ်း၏ လယ်ယာမြေတွင် မတ်ပဲမျိုးစေ့များအား မျိုးစေ့ချကရိယာဖြင့်စိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။


အဆိုပါ သရုပ်ပြပွဲသို့ စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးသန်းဇော်ဦး၊ အမှတ် (၅) အလတ်စားစက်ပြင် အလုပ်ရုံစက်ရုံးမှူး ဦးစိုးနိုင်လင်း၊ စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကျော်သက်နှင့်ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။


သတင်း - ပြည့်ဖြိုးကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)