MNP ၊ နိုဝင်ဘာလ ၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် (၃၄) နှစ်မြောက် နှစ်ပတ်လည် နေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား အဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် အရာထမ်း၊ အမှုထမ်းများက သံဃာတော်ငါးပါးအား ပင့်ဖိတ်၍ အာရုံဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး နေ့လည်ပိုင်းတွင် နှစ်ပတ်လည်နေ့အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် (၃၄) နှစ် မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပေါ်လာပုံအကျဉ်းကို Projectorဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဗလာမပါကံစမ်းမဲအစီအစဉ် မဲဖောက်ခြင်း တွင်ပစ္စည်းများမဲပေါက်သူများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က ဆုများပေး အပ်ချီးမြှင့်ခြင်းနှင့် မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment