MNP ၊ နိုဝင်ဘာ ၂၂
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြန်မာ့စီပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို ယ မန်နေ့ နံနက်ပိုင်းမှ စ၍ ပင်စင်လစာများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ပင်စင်လစာများထုတ်ပေးရာတွင် မြန်မာ့စီပွားရေးဘဏ်မှ မြို့နယ်အတွင်း ပင်စင်အငြိမ်းစားဝန်ထမ်း ၁၀၀၃ ဦး ရှိရာ ပင်စင်လစာငွေများ လာရောက်ထုတ်ယူသူ အငြိမ်းစားများအား အဆင်ပြေချောမွေ့စွာ လာရောက် ထုတ် ယူ နိုင် ရေးအတွက် ပင်စင်လစာငွေများထုတ်ပေးရာတွင် လစဉ်လတိုင်း နိုင်ငံ့ဝန်ထမ်းများ လစာထုတ်ရက် မတိုင်မီ ၂၁ ရက် နေ့ မှ စတင်၍ ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်များတွင် နေ့စဉ်ထုတ်ပေးလျက်ရှိပြီး ကိုယ်တိုင် လာရောက် ထုတ်ယူ ခြင်း မရှိသူ ပင်စင်အငြိမ်းစားများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ရေး စီစဉ် ဆောင်ရွက် ထားရှိကြောင်း မြို့နယ်စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment