MNP ၊ နိုဝင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ဂွမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသော ဘေးအန္တရာယ်အသွယ်သွယ်မှ လွန်မြောက်စေရန်၊ ကင်းလွတ်စေရန်၊ ကောင်းကျိုးများသည့် ဆောင်ရွက်ချက် ကိစ္စ အဝဝတို့ကို ပြီးမြောက်အောင်မြင်စေရန်နှင့် မေတ္တာဓာတ်များလွှမ်းခြုံပြီး နှလုံးစိတ်ဝမ်း အေးချမ်းစေရန် ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်း အချိန်က ရှေးဟောင်းသမိုင်းဝင် ထန်းတောစေတီတော်ဝန်းအတွင်းရှိ တိလောကာဓိပတိ ရွှေဘုန်းမြတ်စေတီတော်တွင် မေတ္တာသုတ်နှင့် ပဌာန်းဒေသနာတော်ပရိတ်တော် တို့ကို ရွတ်ဖတ် ပူဇော်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment