MNP ၊ နိုဝင်ဘာ ၂၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ပါတီဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုး၊ ပါတီဗဟိုအတိုင်ပင်ခံ ဒေါက်တာမြင့်သိန်းနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ အကူအညီလိုအပ်နေသော ပါတီဝင်မိသားစု အင်အား (၁၅၀)ဦး နှင့် တွေ့ဆုံပွဲကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က တိုင်းဒေသကြီး ပါတီရုံးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပါတီဥက္ကဋ္ဌမှ "၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မဲမသမာမှုဖြစ်စဉ်များ၊ ပါတီမှ ဆုံးဖြတ်ချမှတ် ဆောင်ရွက်နေပြီဖြစ်သည့် အသွင်သစ်ဆက်ဆံရေးနှင့် ရက် (၉၀)စီမံချက်ပါ ကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ပါတီဝင်မိသားစုဝင်များအတွက် အလုပ်အကိုင်ရရှိရေးကိစ္စရပ်များ၊ ပါတီတာဝန်ရှိသူများနှင့် ပါတီဝင်များ စဉ်ဆက်မပြတ်ဆက်သွယ်နိုင်ရေးကိစ္စရပ်များအား အကျယ်တဝံ့ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ အလွန်အမင်း ဆိုးသွမ်းယုတ်မာရိုင်းစိုင်းခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဝင်များ၏ နေအိမ်များမီးရှို့ဖျက်ဆီးခံရခြင်း၊ သတ်ဖြတ်ခံရခြင်း အများဆုံးကြုံတွေ့ခဲ့ရသည့် ဒေသဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment