နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာတွင် ချည်မျှင်ရှည်ဝါစိုက်တောင်သူများနှင့် အသိပညာပေး ကွင်းသရုပ်ပြပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာတွင် ချည်မျှင်ရှည်ဝါစိုက်တောင်သူများနှင့် အသိပညာပေး ကွင်းသရုပ်ပြပွဲပြုလုပ်




MNP - နိုဝင်ဘာ  ၂၅


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အင်းကုန်းကျေးရွာတွင် ချည်မျှင်ရှည်ဝါစိုက်တောင်သူများနှင့် တောင်သူအသိပညာပေးကွင်းသရုပ်ပြပွဲကျင်းပခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချို့က စိုက်ပျိုးရေးတောင်သူများ နှမ်းသီးနှံ၊ မြေပဲများအပြင် မိုးဦးမိုးနှောင်း သီးထပ်သီးညှပ်အဖြစ် ချည်မျှင်ရှည်ဝါများ စိုက်ပျိုးနိုင်ရန် အတွက် မျိုးကောင်းမျိုးသန့်များ ထုတ်ပေးမှုအခြေအနေ၊ ယူရီးယားမြေဩဇာများ ထောက်ပံ့နိုင်မှုအခြေအနေနှင့်  ရွက်ဖျန်းပိုးသတ်ဆေးများ သုံးစွဲနိုင်မှုနည်းပညာများကို ရှင်းလင်း ပြောကြားခဲ့သည်။


၂၀၂၂-၂၀၂၃ ခုနှစ် နတ်မောက်မြို့နယ်တွင် ချည်မျှင်ရှည်ဝါ(၂၂၈၄၆)ဧက စိုက်ပျိုးထားရှိပြီး ဝါတစ်ဧက အထွက်နှုန်းတိုးတက်ရေးအတွက် မျိုးစေ့ထုတ်လုပ်ငန်းများ၊ အထွက်နှုန်းတိုးတက်ရေး စံပြကွက်စမ်းသပ်ကွက်များ  ဆောင်ရွက်လျက်ရှိရာ တောင်သူလက်တွေ့ လေ့လာသိရှိနိုင်စေရေးအတွက် အင်းကုန်းကျေးရွာအုပ်စုတွင်  ဆောင်ရွက်ထားရှိသော ဘက်စုံသီးနှံကာကွယ်ရေးစမ်းသပ်ကွက်သို့ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာနှင့်ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ အုပ်စုအတွင်းရှိ ဝါစိုက်တောင်သူများအား ဖိတ်ခေါ်၍ တောင်သူအသိပညာပေး ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


သတင်း - မူမူစန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)