မြန်အောင်မြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်မြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

 


MNP - နိုဝင်ဘာ  ၂၂


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့ နေ့လည် ၁ နာရီက လဟာပေါက်ကျေးရွာအုပ်စု ကွင်းအမှတ် (၂၃၇/က) ဦးပိုင်အမှတ် (၈၉) တောင်သူ ဦးအုန်းလွင်၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။


မြန်အောင်မြို့နယ်အတွင်း မိုးစပါးအထွက်နှုန်း မှန်ကန်စေရေးအတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးဆောင်၍ မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာ ဧရာမင်းစပါးမျိုး (သင့်) အဆင့်အတန်း ကိုယ်စားပြု စပါးအစို အထွက်တင်း တစ်ဧက (၇၆.၁၇) တင်း ထွက်ရှိကြောင် သိရှိရသည်။


မိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားသို့ မြန်အောင်မြို့နယ် စိုက်ပျိူးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးမြင့်အောင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့‌ကြောင်း သိရသည်။


သတင်း - ဝင်းဗိုလ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)