စလင်းမြို့နယ်တွင် အငြိမ်းစားပင်စင်စား(၂၄၁၁) ဦးအား ပင်စင်လစာများ ထုတ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

စလင်းမြို့နယ်တွင် အငြိမ်းစားပင်စင်စား(၂၄၁၁) ဦးအား ပင်စင်လစာများ ထုတ်ပေး

 


MNP - နိုဝင်ဘာ  ၂၂


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံဝန်ထမ်း ပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့ နံနက် ၇ နာရီအချိန်မှ စတင်ကာ ပထမနေ့အဖြစ် ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။


ထိုသို့ထုတ်ပေးလျက်ရှိရာတွင် အငြိမ်းစားပင်စင်စားများ၏ လစာများကို အခက်အခဲမရှိ ထုတ်ယူနိုင်ရေးအတွက် ဘဏ်နေဂျာ ဒေါ်နီနီအောင်၏ ကြီးကြပ်မှုဖြင့် ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိရာ စလင်းမြို့နယ် တွင် ပင်စင်စားဦးရေ စုစုပေါင်း (၂၄၁၁)ဦးရှိပြီး နိုင်ငံရေးပင်စင်စား (၂၂၅)ဦး၊ စစ်တပ်ပင်စင်စား (၆၈၉)ဦး၊ မြို့ပြပင်စင် ဘဏ်ဝန်ထမ်းများအပါအဝင် (၁၄၈၆) ဦး ရှိကြောင်း သိရှိရသည်။


ယနေ့နံနက် ပင်စင်ထုတ်ယူသူဦးရေ (၇၂၅)ဦးတို့အား နံနက် ၇ နာရီမှ နေ့လယ် ၂ နာရီအချိန်အထိ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ စလင်းမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၁၀)ရှိ၍ လူဦးရေများပြားသဖြင့် အုပ်စုများခွဲ၍ ထုတ်ပေးလျက်ရှိရာ ပင်စင်စားများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်မှ ယမန်နေ့မှ ၃၀ ရက်နေ့ အထိ ရုံးဖွင့်ရက်များတွင် ထုတ်ပေးမည်ဖြစ်ပြီး အငြိမ်းစားပင်စင် အသက်ကြီး ဘိုးဘွားများ အကြောင်းအမျိုးမျိုးကြောင့် လာရောက်မထုတ်ယူနိုင်သည့် ပင်စင်စားများကို ရပ်ကွက် ကျေးရွာများအရောက် ဘဏ်ဝန်ထမ်းများ၏ စေတနာဖြင့် သက်ကြီးဘိုးဘွားများ၊ လူမှုရေး၊ ကျန်းမာရေး၊ ကုသိုလ်ရေးတို့တွင် အသုံးပြုနိုင်ကြစေရန် ယခင်လများကသွားရောက် ထုတ်ပေးခဲ့ကြောင်း၊ ကျန်ရှိနေသေးသည့် ပင်စင်စားများကိုလည်း ဆက်လက်ထုတ် ပေးသွား မည်ဖြစ်ကြောင်း မြို့နယ် ဘဏ်နေဂျာ ဒေါ်နီနီအောင်ထံမှ သိရှိရသည်။       


သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)