ပူတာအိုမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူတာအိုမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ



MNP - နိုဝင်ဘာ  ၁၆


ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် နိုဝင်ဘာ(၁၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အနေဖြင့် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို နိုဝင်ဘာ (၁၆)ရက် နံနက်(၉)နာရီက ပူတာအိုမြို့ အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမနှင့် ဘောလုံးကွင်း၌ ကျင်းပသည်။


ပူတာအိုမြို့နယ်အဆင့် ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲတွင် “အမျိုးသားနေ့အောင်ပွဲ” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့်ပြိုင်ပွဲဝင် ကျောင်းသူ ကျောင်းသား (၄)ဦး၊ အလယ်တန်းအဆင့် ပြိုင်ပွဲဝင် ကျောင်းသူ ကျောင်းသား (၁၉)ဦး စုစုပေါင်း (၂၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကျပန်းစကားပြောပြိုင်ပွဲတွင် “အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့်ပြိုင်ပွဲဝင် ကျောင်းသူ ကျောင်းသား (၂)ဦး၊ အလယ်တန်းအဆင့်ပြိုင်ပွဲဝင် ကျောင်းသူ ကျောင်းသား (၁၃)ဦး စုစုပေါင်း (၁၅)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။


ထို့အပြင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အနေဖြင့် ပူတာအိုမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများက ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲနှင့် ထုပ်ဆီးတိုးအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါ ယှဉ်ပြိုင်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကျော်ကျော်လွင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိမ်းလေး၊ မြို့နယ်ပညာရေးမှူး ဦးဝင်းဆွေ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမိုးနိုင်၊ အထက(ပူတာအို) ကျောင်းအုပ်ဆရာကြီး ဦးဆိုင်းခွမ်တို့က ကြည့်ရှုအားပေးခဲ့ကြသည်။


အဆိုပါ ပြိုင်ပွဲများတွင် ဆုရကျောင်းသား ကျောင်းသူများအား နိုဝင်ဘာ(၁၇)ရက်နေ့တွင် ကျင်းပမည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများပေးအပ် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဖုန်ကန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)