ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပ

 



MNP - နိုဝင်ဘာ   ၁၆     


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၏လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကျင်းပသည်။


ရှေးဦးစွာ မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးညီညီထွေးမှ အဖွင့်အမှာစကားပြောကြားပြီး မအူပင်ခရိုင် လူမှုဝန်ထမ်းရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းဝင်းအေးက ခရိုင်ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကော်မတီသို့ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြ ဆွေးနွေးရာ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကလေးသူငယ် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့မှု အခြေအနေများအား ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။


၎င်းနောက်ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးညီညီထွေးက အစည်းအဝေးဆုံးဖြတ်ချက်အဖြစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့် ပတ်သက်သည့် ကိစ္စရပ်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် Talk Show အစီအစဉ်ဖြင့် Online Media မှတဆင့် အသိပညာပေး ဆွေးနွေးဆောင်ရွက်ရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)