ကလေးဝမြို့နယ် ဌာနဆိုင်ရာများက အသိပညာပေး ဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးဝမြို့နယ် ဌာနဆိုင်ရာများက အသိပညာပေး ဟောပြောပွဲပြုလုပ်



MNP - နိုဝင်ဘာ  ၂၂


စစ်ကိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ဌာနဆိုင်ရာများက ကျောင်းသား ကျောင်းသူလူငယ်များ အသိပညာနှင့် ဗဟုသုတရရှိစေရေး၊ ဌာနဆိုင်ရာလုပ်ငန်းများကို သိရှိနားလည်နိုင်စေရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကလေးဝမြို့၊ အရုဏ်ဦး ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။


အဆိုပါဟောပြောပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရာဇာဝင်းက ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်ဟေမာဆွေက သစ်တောပြုန်းတီးမှုကြောင့် ရာသီဥတု ပြောင်းလဲလာရခြင်းအကြောင်းကို အသိပညာပေး ဟောပြာခဲ့သည်။


ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက စားသုံးသူ အခွင့်အရေးများဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်လျှပ်စစ်မှူး ဦးအောင်လှိုင်ဝင်းက လျှပ်စစ်အန္တရာယ် ကာကွယ်ရေး သိကောင်းစရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးများကိုလည်းကောင်း အသီးသီး ဟောပြောဆွေးနွေးခဲ့ကြကာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။


ဟောပြောပွဲတွင် အရုဏ်ဦး ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ (၃၅)ဦးနှင့်ပြင်ပ ကျောင်းသား ကျောင်းသူ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


သတင်း - ကိုဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)