သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေးကျင်းပ



MNP - နိုဝင်ဘာ  ၂၂


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းတွင် ကျင်းပကြသည်။


မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေးအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ မိုးစပါးစိုက်၊ ရိတ်၊ နှုန်း၊ ထွက်နှင့် နွေစပါး၊ ပဲတီစိမ်း၊ နေကြာစိုက်ပျိုးပြီးစီးမှု စာရင်းဇယားများပေးပို့ရာတွင် မှန်ကန်စေရေး အလေးထားဆောင်ရွက်ရန်၊ နေကြာစိုက်ပျိုးရန် (၂၅၂၆)ဧကတွင် (၈၂၅)ဧကမျိုး နေကြာစုဆောင်း ဖြန့်ဝေပြီး၍ ကျန် (၁၇၀၁)ဧကမျိုး နေကြာရရှိရေး၊ မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်/ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနသို့ တင်ပြချိတ်ဆက် ဆောင်ရွက်ရန်၊ ကွင်းဆင်းအဖွဲ့များမှ ဆောင်းနေကြာစိုက်ပျိုးမည့် ကျေးရွာအုပ်စု၊ တောင်သူများအား ကွင်းဆင်းစည်းရုံး ပြောကြားဆောင်ရွက်ရန်၊ မြန်မာ့စိုက်ပျိုးရေးဘဏ်မှ နေကြာစိုက်ပျိုးမည့် တောင်သူများတွင် ချေးငွေခွင့်ပြုသည့် တောင်သူ (တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနသို့ တင်ပြချိတ်ဆက်ဆောင်ရွက်ရန်၊ ကွင်းဆင်းအဖွဲ့များမှ ဆောင်းနေကြာစိုက်ပျိုးမည့် ကျေးရွာအုပ်စု၊ တောင်သူများအား ကွင်းဆင်းစည်းရုံး ပြောကြားဆောင်ရွက်ရန်၊ မြန်မာ့စိုက်ပျိုးရေးဘဏ်မှ နေကြာစိုက်ပျိုးမည့် တောင်သူများတွင် ချေးငွေခွင့်ပြုသည့် တောင်သူ (၃၆၂)ဦးမှအပ ချေးငွေမကျေကျန် တောင်သူ (၁၁၅၀)ဦး ချေးငွေထုတ်ချေးခွင့်ရရှိနိုင်ရေး အထက်ဌာနသို့ တင်ပြဆောင်ရွက်ရန်၊ စိုက်ပျိုးရေး/ လယ်စီအင်းဌာနတို့မှ ပုသိမ်-သာပေါင်း ကားလမ်းဘေး နေကြာစိုက်ပျိုးမှု ပြသနိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ထားရန်တို့ကို ညှိနှိုင်းဆွေးနွေးပြီး ခရိုင်တင်ပြနိုင်ရေး ဆက်လက်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)