ကန့်ဘလူမြို့၌ စာဖတ်စွမ်းရည်၊ ကဗျာရွတ်၊ ပန်းချီနှင့် စကားပုံဆက် ပြိုင်ပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့၌ စာဖတ်စွမ်းရည်၊ ကဗျာရွတ်၊ ပန်းချီနှင့် စကားပုံဆက် ပြိုင်ပွဲများ ကျင်းပ




MNP - နိုဝင်ဘာ   ၂၂


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကျောင်းသားလူငယ်လူရွယ်များ စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာပေကိုချစ်မြတ်နိုးတတ်လာသူများ ဖြစ်လာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်လာစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်၊ ကဗျာရွတ်၊ ပန်းချီနှင့်စကားပုံဆက်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။


ကျောင်းသားကျောင်းသူများ ကျောင်းစာအပြင် အသိပညာဗဟုသုတများ တိုးပွားစေမည့် သုတရသစာအုပ်များကို ဖတ်ရှုလေ့လာကာ စာကြည့်တိုက်အား ငယ်ရွယ်စဉ်ကပင် အသုံးပြုတတ်လာစေရန် စာဖတ်စွမ်းရည်၊ ကဗျာရွတ်၊ ပန်းချီနှင့်စကားပုံဆက်ပြိုင်ပွဲများကို ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကြသည်။


ပြိုင်ပွဲများတွင် ကျောင်းသားကျောင်းသူ ၃၅ ဦးပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားကျောင်းသူများကို ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်တရ လက်ဆောင်အဖြစ် ဗလာစာအုပ်များကို ပေးအပ်ကြသည်။


ထို့ပြင် ပြန်/ဆက်ဦးစီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူများ အသိပညာတိုးတက်ရရှိစေရန်၊ ဉာဏ်ရည် ဉာဏ်သွေးများ မြင့်မားလာစေရန်အတွက် ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ အသိပညာပေး ဟောပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - အောင်ဝင်းငြိမ်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)