တပ်ကုန်းမြို့၌ မိုးစပါးရိတ်သိမ်းချိန်တွင် ရိတ်ခြွေလှေ့စက်များ အသုံးပြုသူများလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့၌ မိုးစပါးရိတ်သိမ်းချိန်တွင် ရိတ်ခြွေလှေ့စက်များ အသုံးပြုသူများလာ

 



MNP -  နိုဝင်ဘာ  ၂၆


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် စပါးစိုက်တောင်သူများ ယခုနှစ် မိုးစပါးရိတ်သိမ်းရာသီတွင် ဆောင်းသီးနှံပြန်လည် စိုက်ပျိုးရန်နှင့် မြေအစိုဓာတ်ရရှိရန် စပါးခြွေလှေ့ရိတ်သိမ်းစက်များ ငှားရမ်းရိတ်သိမ်းလာကြကြောင်း တောင်သူများထံမှ သိရသည်။


 “ဒီနေ့ ကျွန်တော် စပါးစိုက်ခင်းကတော့ (၄)ဧက ရိတ်သိမ်းမှာဖြစ်ပါတယ်၊ ခြွေလှေ့ရိတ် သိမ်းစက်နဲ့ စပါးရိတ်သိမ်းဝန်ဆောင်ခကတော့ စပါးခင်းတစ်ဧကကို ကျပ်ရှစ်သောင်းပေးရပြီး၊ ရိတ်သိမ်းမှုစနစ် မြန်ဆန်တယ်၊ နာရီပိုင်းအတွင်းလည်း ပြီးစီးပြီတော့ အမိုးအကာအောက်ကို လည်း မြန်မြန်သိမ်းဆည်းလို့ရပါတယ်၊ လူလုပ်အားနဲ့ ရိတ်သိမ်းမယ်ဆိုရင် စပါးခင်းတစ်ဧကကို ကျပ်လေးသောင်းပေးရပါမယ်၊ နောက်ထပ်လည်း ခြွေခ၊လှေ့ခတွေ ကုန်ကျတာတွေရှိတဲ့ အပြင် အချိန်ကြာတာတွေရှိပါတယ်၊ ဆောင်းသီးနှံများပြန်စိုက်ပျိုးမယ့် တောင်သူအနေနဲ့ စပါးခြွေလှေ့ ရိတ်သိမ်းစက်နဲ့ အသုံးပြုရိတ်သိမ်းမယ်ဆိုရင် အချိန်မီစိုက်ပျိုးပါတယ် ”ဟု အနော်ရထာရပ်ကွက်၊ စပါးစိုက်တောင်သူ ကိုဖိုးထောင်၏ ပြောပြချက်အရ သိရသည်။


တပ်ကုန်းမြို့နယ်တွင် ဆည်ရေ၊ မိုးရေများဖြင့် မိုးစပါးများကို (၄၆၄၄၅)ဧက လျာထား စိုက်ပျိုး၍ လျထားဧကထက် ဧက(၂၀၀၀)ကျော်လွန်  စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။


သတင်း - တင်စိုးလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)