ရခိုင်ပြည်နယ် မောင်တောမြို့၌ အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြော

 


MNP - နိုဝင်ဘာ ၂၆


ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ  အသိပညာပေး ဟောပြောခြင်းကို  ယမန်နေ့နေ့လယ်  ၁ နာရီ အချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ မောင်တောခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာပေါ်မှာ အမျိုးသမီးများနှင့် မိန်းခလေးငယ်များအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခြင်း၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းဟာ ကျန်းမာရေး ပြဿနာရပ် အဖြစ်သာမက လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်သွားစေရန် ရည်မှန်းပြီး ၁၉၉၁ ခုနှစ်မှ စတင်ကာ အမျိုးသမီးများအား အကြမ်းဖက်မှု ဆန့်ကျင်သည့် (၁၆)ရက်တာ လှုပ်ရှားမှုများကို နှစ်စဉ် နိုဝင်ဘာ (၂၅)ရက်မှ ဒီဇင်ဘာ(၁၀)ရက်နေ့ထိ ကျင်းပ ပြုလုပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်မှ စတင်ပြီး (၁၆)ရက်တာ လှုပ်ရှားမှုများကို လှုမှုဝန်ထမ်းဦးစီးဌာနမှု ဦးဆောင်ကာ UN၊ INGO၊ NGO၊ အမျိုးသမီးအရေး တက်ကြွစွာ လှုပ်ရှားနေသော အဖွဲ့များဖြင့် နှစ်စဉ်ကျင်းပ လျက်ရှိကြောင်းစသည့်  အမျိုးသမီးများ အတွက် ဆောင်ရွက်ချက်များ စသည့်တို့ကို အကျယ်တဝင့် ဆွေးနွေးရှင်းလင်း ပြောကြားခဲ့သည်။   ထို့နောက် မောင်တောခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်က အကြမ်းဖက်မှု  ကိစ္စရပ် ဖြစ်ပေါ်ရသည့် အခြေအနေများ၊ လက်ရှိမြန်မာနိုင်ငံအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှု  ဖြစ်ပွားခဲ့မှု အ‌ခြေအနေများနှင့် ကျား/မ အခြေပြု အကြမ်းဖက်မှု ဖြစ်ပွားအောင် ထောက်ပံ့ပေးသည့် အကြောင်းအရာများ၊  ရှေးမြန်မာတို့၏ အယူအဆများ၊ အကြမ်းဖက်မှု တုန့်ပြန်ဆောင်ရွက်မှုအတွက် အခြေခံလမ်းညွန်းများ၊ ပြစ်မှုကျူးလွန်သူများအား ပြစ်မှုနှင့် ပုဒ်မ(ကျင့်ထုံး)၊ ပြစ်ဒဏ်များ၊ အကြမ်းဖက်မှု ဖြစ်ပွားပါက တိုင်ကြားဆက်သွယ်ရမည် နေများ၊ ကျေးလက်ဒေသနေအမျိုးသမီးများ၏ အခွင့်အရေးများ၊ လက်ထပ်ထိမ်းမြားခြင်းနှင့် မိသားစုဘဝတွင် တန်းတူညီမျှမှုအခြေအနေများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများနှင့် ပတ်သတ်၍ ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။


အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့ ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး  ရဲမှူးသိန်းနိုင်၊ ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်းနှင့် အဖွဲ့ဝင်များ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်မှုအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာနေ အမျိုးသမီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - သက်လွင်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)