သနပ်ပင်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သနပ်ပင်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP - နိုဝင်ဘာ   ၁၇


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန် က ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌ဇော်လင်းထက် က သနပ်ပင်မြို့နယ်အတွင်းရှိ ကလေးသူငယ်များ၏ အခွင့်အရေးများကို ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖော်ဆောင်ရန်၊ ကလေးသူငယ်ပြုစုပျိုးထောင်မှုနှင့် ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများ ဖော်ဆောင်ရန် စသည့်အချက်များကို ပြောကြားခဲ့ပြီး  ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ခိုင်ဦး က လူမှုဝန်ထမ်းလုပ်ငန်း ဆောင်ရွက်ချက်များနှင့်ပတ်သက်သည့် အချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးဇော်လင်းထက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပဲခူးတိုင်း ဒေသကြီးလူမှု ဝန်ထမ်းရုံးမှ  ဒုတိယဦးစီးမှူး ဒေါ်ခိုင်ခိုင်ဦးနှင့် ဝန်ထမ်းများ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ တက်ရောက်‌ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - လှမိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)