တောင်ဥက္ကလာပမြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ သတင်းမှား၊ သတင်းမှန်ခွဲခြားသုံးသပ်နိုင်စေရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ သတင်းမှား၊ သတင်းမှန်ခွဲခြားသုံးသပ်နိုင်စေရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ



MNP - နိုဝင်ဘာ   ၁၇


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း၊ ကေသရာဇာခန်းမ၌ သတင်းမီဒီယာကောင်စီနှင့် ပညာရေးဝန်ကြီးဌာန တို့ ပူးပေါင်းကျင်းပသော သတင်းမှား၊ သတင်းမှန်ခွဲခြားသုံးသပ်နိုင်စေရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ အသိပညာပေးဆွေးနွေးပွဲကို အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများမှ လူချွန်လူကောင်းသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးအောင်ပြည့်စုံမှ ကျောင်းသား၊ ကျောင်းသူ များအား ဆိုရှယ်မီဒီယာမှ သတင်းများကို အလွယ်တကူမယုံကြည်ရန်၊ မမျှဝေရန်၊ သတင်းအရင်းအမြစ်တစ်ခုကို သေချာစိစစ်သုံးသပ်ရန် အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး ဦးနေလင်း (စာရေးဆရာ-မောင်ချိုဝေ) နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) တို့မှလည်း စာပေရေးရာသိမှတ်ဖွယ်ရာများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာကြိုးစားသင်ယူပြီး အရာအားလုံးကို ဉာဏ်မျက်စိဖြင့် ကြည့်သင့် ကြောင်း၊ အမှားအမှန်ခွဲခြားတတ်ခြင်းသည် ဉာဏ်ပညာဖြစ်ကြောင်း၊ ကောလဟာလသတင်းများကို အလွယ်တကူမယုံကြည်သင့်ကြောင်းဆက်လက် ဆွေးနွေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌမှ သတင်းမီဒီယာဆိုင်ရာ စာအုပ်များကို ပေးအပ်လှူဒါန်းရာ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့ပါသည်။


အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးနှင့် ဆရာ/ ဆရာမများ တက်ရောက်ခဲ့ပြီး အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်အမှာစကား ပြောကြားကာ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်း- အင်ကြင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)