တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီးအား အဘိဓမ္မာ မဟာပဋ္ဌာန်း ကျမ်းတော်မြတ် အသံမစဲရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲ မင်္ဂလာအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီးအား အဘိဓမ္မာ မဟာပဋ္ဌာန်း ကျမ်းတော်မြတ် အသံမစဲရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲ မင်္ဂလာအခမ်းအနား တက်ရောက်



MNP - နိုဝင်ဘာ  ၁၂


မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီးအား အဘိဓမ္မာမဟာပဋ္ဌာန်းကျမ်းတော်မြတ် အသံမစဲရွတ်ဖတ်ပူဇော် ခြင်း အောင်ပွဲမင်္ဂလာအခမ်းအနားကို ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်နေ့ ယနေ့ နံနက်(၇)နာရီအချိန်က မြသလွန်စေတီတော်ရင်ပြင်၊ မဟာဝိဇယရံသီ တန်းဆောင်းတော်၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 


ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသော တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဧည့်ပရိတ်သတ်များက မဟာဓမ္မိကာရာမ ကျောင်းတိုက်၊ ပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တရ ဥတ္တရ (အဂ္ဂမဟာပဏ္ဍိတ) ထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး သံယာတော်အရှင်သူမြတ်တို့ ထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။ 


ဆက်လက်၍ တိုင်ဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ပဌာန နာယကဆရာတော်ကြီး(၂)ပါးအား လှူဖွယ်ပစ္စည်း များနှင့် ဝတ္ထုငွေများအားလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများက ကျန်ရှိသော ပဌာန နာယကဆရာတော်များအား လှူဖွယ်ပစ္စည်း များနှင့် ဝတ္ထုငွေများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ 


ထို့နောက် လှူဒါန်းမှုအစုစုတို့အား သာဓုအနုမောဒနာခေါ်ဆိုနိုင်ရန် ဖတ်ကြားလျှောက်ထားပြီး မဟာဓမ္မိကာ ရာမကျောင်းတိုက်၊ ပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တရဥတ္တရ (အဂ္ဂမဟာပဏ္ဍိတ) ထံမှ ရေစက်ချအနုမောဒနာ တရားနာယူခဲ့ကြပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ် ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ 


သတင်း - မောင်ညီညာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)