ငဖဲမြို့နယ်အတွင်း ဆီထွက်သီးနှံ(ဆောင်းနေကြာ)များ စိုက်ပျိုးထားရှိမှုအောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ်အတွင်း ဆီထွက်သီးနှံ(ဆောင်းနေကြာ)များ စိုက်ပျိုးထားရှိမှုအောင်မြင်ဖြစ်ထွန်း

 


MNP - နိုဝင်ဘာ   ၁၂


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာများ (၁၄၅)ဧကခန့် စိုက်ပျိုးပြီးစီးနေပြီဖြစ်ရာ ယနေ့နံနက်ပိုင်းက ပေါင်းကလေးကျေးရွာအုပ်စု ပေါင်းကလေးကျေးရွာ ကွင်းအမှတ်-၁၀၂၇၊ ဦးပိုင်အမှတ်-၁၁/ကတွင် တောင်သူ ဦးဝင်းတင် စိုက်ပျိုးထားသော ဆင်းရွှေကြာ-၂ ဆောင်းနေကြာစိုက်ခင်း ၂ ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိသူများက  ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊ ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြင့်သိန်းနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာနဦးစီးမှူး ဦးကျော်လင်းထွန်းတို့က ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် မိမိတို့စိုက်ပျိုးထားရှိသော ဆောင်းနေကြာ စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းရေး၊သီးနှံအရည်အသွေးကောင်းမွန်ရေးနှင့် အထွက်နှုန်း ကောင်းမွန်ရေးအတွက် စနစ်တကျရိတ်သိမ်းဆောင်ရွက်ကြရန် ပြောကြားပြီး တောင်သူဦးဝင်းတင်မှ ဆင်းရွှေကြာ-၂ နေကြာစိုက်ပျိုးထားရှိမှု၊ အပင်အောင်မြင်ဖြစ်ထွန်းရေးနှင့် အလေအလွင့်မရှိအထွက်နှုန်းကောင်းမွန်ရေးဆောင်ရွက်မှု အခြေအနေများကိုတင်ပြရာသက်ဆိုင်ရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ငဖဲမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆင်းရွှေကြာ-၂ ဆောင်းနေကြာများကို ကျေးရွာအုပ်စု(၁၂)အုပ်စုတွင် တောင်သူ (၁၂၂)ဦးက ယနေ့ထိ သီးသန့်စိုက်(၂၅)ဧက၊ ဆောင်းသီးနှံများ ဖြစ်သည့် ပဲစင်းငုံ၊ ပဲတီစမ်း စသည့်သီးနှံများဖြင့်ရောနှောစိုက်ပျိုးသည့် သီးညှပ် (၁၂၀)ဧက စုစုပေါင်း (၁၄၅)ဧက စိုက်ပျိုးပြီးစီးရာ နေကြာခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ နေကြာစိုက်တောင်သူများအား ဓါတ်မြေဩဇာနှင့် ဆင်းရွှေကြာ-၂ မျိုးကောင်းမျိုးသန့်များကို ဖြန့်ဝေပေးထားကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် စိုက်ပျိုးထားသော နေကြာခင်းများ အောင်မြင်ဖြစ်ထွန်းရေး၊ အထွက်နှုန်းကောင်းမွန်ရေးအတွက် သက်ဆိုင်ရာကွင်း ဝန်ထမ်းများက အသိပညာပေးကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - မယု


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)