ဘူးသီးတောင်မြို့နယ်တွင် အခြေခံပညာမှုလတန်းနှင့် အလယ်တန်းအဆင့် (မြို့နယ်အဆင့်) အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့နယ်တွင် အခြေခံပညာမှုလတန်းနှင့် အလယ်တန်းအဆင့် (မြို့နယ်အဆင့်) အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ




MNP - နိုဝင်ဘာ  ၂၀


ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အခြေခံပညာမှုလတန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား အင်္ဂလိပ်စာဘာသာစကား၊ ဝေါဟာရကြွယ်ဝစေရေး၊ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ရေးသားမှုစွမ်းရည်၊ အင်္ဂလိပ်စာ ဘာသာစကားပြော ကျွမ်းကျင်မှု စွမ်းရည်များ မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍  အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ စွမ်းရည်ပြိုင်ပွဲကိုအမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့ရာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အင်္ဂလိပ်စာစွမ်းရည် ဘာသာရပ်ဖြေဆိုသူ Grade-5 (၁၃)ဦး၊ Grade-7 (၁၃)ဦး၊ Grade-8 (၁၂)ဦး၊ Grade-9 (၁၅)ဦး ဖြစ်ပြီး သင်္ချာစွမ်းရည် ဘာသာရပ်ဖြေဆိုသူ Grade-5 (၁၄)ဦး၊ Grade-7 (၁၃)ဦး၊ Grade-8 (၁၁)ဦး၊ Grade-9 (၁၃)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၁၀၄)ဦးမှ ဝင်ရောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


သတင်း - လှကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)