ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်



MNP - နိုဝင်ဘာ   ၂၀


ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နံနက် ၉ နာရီက မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းများနှင့် တွဲဖက်ဌာနဝန်ထမ်းများအား မီးဘေးအန္တရာယ် ကင်းဝေးစေရန် မိမိက စမီးလောင်မှုဖြစ်ပွားခြင်း မရှိစေရန် သတိထားရမည့် အချက်များ၊ ဆောင်ရန်/ရှောင်ရန်များကို မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်လွင်ဦးမှ အသိပညာပေး ဟောပြောခဲ့သည်။


ထို့နောက် ဝန်ထမ်းများအား မီးဘေးအန္တရာယ်နှင့်ကြုံတွေ့ပါက မီးသတ်ဆေးဘူးအား စနစ်တကျ အသုံးပြု၍ မီးငြိမ်းသတ်တတ်စေရန်အတွက် မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးသတ်ဆေးဘူးနှင့် မီးငြိမ်း သတ်ခြင်း၊ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း၊ ဝန်ထမ်းများအား လက်တွေ့သရုပ်ပြစေခြင်းတို့ကို မြို့နယ်မီးသတ်ဉီးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်လွင်ဦးနှင့်မီးသတ်ဝန်ထမ်းများမှ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - ဟန်စုယဉ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)