နတ်မောက်မြို့နယ် ပ/လက္ခုပ္ပင် ကျေးရွာအုပ်စု၌ ဆင်းသုခ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် ပ/လက္ခုပ္ပင် ကျေးရွာအုပ်စု၌ ဆင်းသုခ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

 



MNP - နိုဝင်ဘာ ၂၀


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၏ မိုးစပါးအထွက်နှုန်းအား သိရှိစေရန်ရည်ရွယ်၍   မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က နတ်မောက်မြို့နယ် ပ/လက္ခုပ္ပင်ကျေးရွာအုပ်စုကွင်း အမှတ် (၈၃၆)၊  ဦးပိုင်အမှတ်(၆၁) တောင်သူဦးလူလှ၏ ဆင်းသုခစပါး စိုက်ခင်းတွင်  ကျင်းပခဲ့သည်။


အဆိုပါ မိုးစပါး စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ် အုပ်ချုပ်ရေးမှူး  ဦးဝေဖြိုးနိုင်၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းအောင်ဇော်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချို နှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။ နတ်မောက်မြို့နယ် ပ/လက္ခုပ္ပင် ကျေးရွာအုပ်စု ကွင်းအမှတ် (၈၃၆)၊ ဦးပိုင်အမှတ် (၆၁)မှ တောင်သူဦးလူလှ၏ ဆင်းသုခစပါးစိုက်ခင် (၃ ဒသမ ၂၅)ဧက အတွင်းရိတ်သိမ်းခဲပြီး တစ်ဧကကိုယ် စားပြုဆင်းသုခစပါး တင်းအစိုထွက်နှုန်း(၉၄)တင်း ထွက်ရှိကြောင်း သိရသည်။


သတင်း - လှဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)