MNP - နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် စာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲနှင့် စာကြည့်တိုက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က မော်ပီဆရာသိန်း စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စာရေးဆရာဥက္ကဋ္ဌ ဆရာမောင်ချိုဝေမှ အဖွင့်အမှာစကားပြော ကြားကာကန်တော့ခံ ဆရာကြီးများအား ကန်တော့ခံပစ္စည်းများနှင့် အတူပူဇော်ကန်တော့ပြီး ကန်တော့ခံဆရာ၊ ဆရာမကြီးများမှ ဩဝါဒစကားပြောကြားခဲ့သည်။
ဆက်လက်၍ စာကြည့်တိုက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စာကြည့်တိုက်အသင်း ဝင်မကြယ်စင်မှအမှတ်တရ စကားပြောကြားခြင်း၊ စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် ဆရာတစ်မိုးအောက်မှ စာပေဟောပြောခြင်း၊ မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဆရာမောင်ချိုဝေမှ နိဂုံးချုပ်စကားပြောကြားခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - ကောင်းမြတ်သူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment