သရက်ချောင်းမြို့နယ်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

 


MNP - နိုဝင်ဘာ  ၂၃


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သရက်ချောင်းမြို့နယ်၊ အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့်အဖွဲ့ဝင်များ၊ သရက်ချောင်းမြို့နယ်၊ ဘေးအန် တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးလင်းနှင့် ဝန်ထမ်းများ၊ သင်တန်းသား/သူများတက်ရောက်ခဲ့သည်။


အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေး(၉)မျိုးအပါအဝင် ဘေးအန္တရာယ်အားလုံးနီးပါးကျရောက်လွယ်သော နိုင်ငံဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်တန်းမှပို့ချသော သင်ခန်းစာများကို မိမိတို့ ရဲ့ ဌာနအလိုက် ဆောင်ရွက်တဲ့လုပ်ငန်းနယ်ပယ်များတွင် အသုံးချနိုင်ရန် အလေးထားသင်ယူစေလိုကြောင်း၊ သင်တန်းမှ ချမှတ်ထားသော စည်းမျဉ်း/စည်းကမ်းများအား စနစ်တကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။


ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးလင်းမှသဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်သော ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် တာဝန်ရှိသူများက သင်တန်းသား/သူများအား သင်ထောက်ကူပစ္စည်းများပေးအပ်ကာအခမ်းအနားရုတ်သိမ်းခဲ့ပြီး သင်တန်းသား/သူများနှင့် အမှတ်တရမှတ်တမ်းဓါတ်ပုံများရိုက်ကူးခဲ့နှင့် ခင်းကျင်းပြသထားသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာစာစောင်များ၊ ပစ္စည်းများကိုကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။


အဆိုပါသင်တန်းတွင် သင်တန်းသား/သူ(၃၀)ဦး တက်ရောက်သင်ကြားမည်ဖြစ်ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၂၅ရက်နေ့ထိ နံနက် ၈နာရီခွဲအချိန်မှ ညနေ ၄နာရီခွဲအချိန်ထိ (၃)ရက်တိုင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သရက်ချောင်းမြို့၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထံမှသိရသည်။


သတင်း - သားကြီး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)