၁၃၈၄ ခုနှစ်၊ စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် မုံရွာမြို့နယ် စာရေးဆရာအသင်း၏ ဒုတိယအကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ကန်တော့ပွဲနှင့် ဆုရကလောင်ရှင်များအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၁၃၈၄ ခုနှစ်၊ စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် မုံရွာမြို့နယ် စာရေးဆရာအသင်း၏ ဒုတိယအကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ကန်တော့ပွဲနှင့် ဆုရကလောင်ရှင်များအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

 


MNP - နိုဝင်ဘာ ၂၃


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၁၃၈၄ခုနှစ်၊ စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် မုံရွာမြို့နယ်စာရေးဆရာအသင်း၏ ဒုတိယအကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ကန်တော့ပွဲနှင့် ဆုရကလောင်ရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွှန့်စိုး၊  သက်ကြီးစာပေပညာရှင်များ၊ ဆုရကလောင်ရှင်များနှင့် ဖိတ်ကြားထားသော တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ စာရေးဆရာ မောင်စိန်လွင်(မင်းကင်း)က “မြန်မာနိုင်ငံစာရေးဆရာအသင်း၊ ဗဟိုကပေးပို့သော သဝဏ်လွှာ” အား ဖတ်ကြားခဲ့ပြီး မုံရွာမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးညွန့်စိုးက “ဒုတိယအကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ကန်တော့ပွဲနှင့် ဆုရ ကလောင်ရှင်များအား ဂုဏ်ပြုပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။


ထို့နောက် စာရေးဆရာ မောင်စိန်လွင် (မင်းကင်း)က ကန်တော့ချိုးတိုင်ပေး၍ တက်ရောက် လာကြသူများနှင့်အတူ ဒုတိယအကြိမ်မြောက် သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ခြင်းနှင့် ပစ္စည်းများ ဂါရဝပြုလက်ဆောင်ပေးအပ်ခဲ့ကြသည်။


ဆက်လက်ပြီး တာဝန်ရှိသူများက ဆုရကလောင်ရှင်များအား လက်ဆောင်ပစ္စည်းများ ပေးအပ် ခဲ့ပြီးနောက် ကန်တော့ခံသက်ကြီး စာပေပညာရှင်များ ဖြစ်ကြသော ဦးတိုးဝေ(မုံရွာ)၊ ဦးကျော်သောင်း(ဘုတလင်)၊ ဗိုလ်အောင်(ဒီပဲယင်း)၊ သလ္လာမောင်သန်းနီနှင့် ဦးညွန့်လှိုင်ချစ်(မုံရွာ)တို့က ဩဝါဒစကားများချီးမြှင့်ပေးပြီး ဆုရကလောင်ရှင်များကိုယ်စား ဆရာဦးကျော်သက်ခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ တက်ရောက် လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


အဆိုပါ မုံရွာမြို့နယ် စာရေးဆရာအသင်း၏ ဒုတိယအကြိမ်မြောက် သက်ကြီးစာပေ ပညာရှင်များ ကန်တော့ပွဲနှင့် ဆုရကလောင်ရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားတွင် တာဝန်ရှိသူများက သက်ကြီးစာပေပညာရှင် (၉)ဦးနှင့် ဆုရကလောင်ရှင်(၄)ဦး စုစုပေါင်း(၁၃)ဦးအား အလှူရှင်(၅၉)ဦး၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် အစဉ်အလာမပျက် အောင်မြင်စွာ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)