မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမောင်ကို ညောင်ဦးခရိုင်အတွင်းမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမောင်ကို ညောင်ဦးခရိုင်အတွင်းမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

 


MNP - နိုဝင်ဘာ  ၂၃


ညောင်ဦး ခရိုင်အတွင်းမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၁၀၈ ဦးအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ  ၁၀၀ ဦးတို့ကို စက်ဘီးအစီးရေ ၁၀၀ စီးနှင့် ငါးပါး သီလဓမ္မဒါနစာအုပ်ရေ ၁၈၀၀ ကျော်လှူဒါန်းခြင်းနှင့် အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမ ၁၆၂၉ ဦးအား ကျောင်းဝတ်စုံများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ယွန်းပညာကောလိပ်တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမောင်ကိုက အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ တိုင်းဒေသကြီးအတွင်း ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးကဏ္ဍများတွင် အနီးကပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနေရာ ဆရာ/ဆရာမများအား ကျောင်းစိမ်းဝတ်စုံထောက်ပံ့ခြင်း၊ ဂုဏ်ထူး ရအောင် ကြိုးစားသင်ယကြူသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းများကို ခရိုင်များအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ၏ ကြီးကြပ်ပံ့ပိုးမှု၊ အနီးကပ်သင်ကြားပေးမှု၊ သင်ယူမှု၊ ပတ်ဝန်းကျင်ကောင်းရရှိမှု၊ မိဘနှင့်ဆရာဆရာမတို့၏ ဟန်ချက်ညီညီ ဖြည့်ဆည်းပံ့ပိုးပေးမှုများကြောင့် ယခုလို ထူးချွန်အောင်မြင်မှုများစွာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ မိဘနှင့်ဆရာဆရာမတို့အကြား ပညာရေးအပြောင်းအလဲ၊ ပညာတန်ဖိုးတို့ကို အပြန်အလှန်သဘော‌ပေါက် သင်ယူမှုပတ်ဝန်းကျင်ဖြစ်ရန်၊ လိုအပ်သည့်နည်းလမ်းများ ပေါင်းစပ်မြှင့်တင်ရမည်ဖြစ်ကြောင်း၊ စည်းလုံးညီညွှတ်မှု၊ ပူးပေါင်းဆောင်ရွက်လိုမှုစိတ်ဓာတ်များ၊ ဖြစ်ထွန်းစေရန် ကျောင်းများတွင် အသင်းအဖွဲ့များ၊ ဖွဲ့စည်းဆောင်ရွက်ပေးစေလိုကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေး၊ ကျောင်းနေမြဲရေး၊ အတန်း ကူးပြောင်းနှုန်းမြှင့်မားရေး၊ ကျောင်းထွက်နှုန်းလျော့ပါးရေးတို့ကို မိဘနှင့် ဆရာဆရာမများ ညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လာမည့်စာသင်နှစ်တွင်လည်း ကျောင်းအပ်နှံမှု ပိုမိုတိုးတက်လာစေရန် မိဘ၊ ဆရာလက်တွဲ ကြိုးစား ဆောင်ရွက်သွားကြရန် လိုကြောင်း၊ မိမိအလုပ်ကိုတန်ဖိုးထားကာ ကျောင်းသား၊ ကျောင်းသူများ၊ စာကိုလည်းသင်ရင်း လူကိုလည်းပြင်ပေးသော နိုင်ငံတော်မှအားထားရသည့် လမ်းပြကြယ်များ ဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။


ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ (၁၀၈) ဦးကို ဂုဏ်ပြုဆုငွေနှင့်မှတ်တမ်းလွှာများ ချီးမြှင့်ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် မိသားစုမှ လှူဒါန်းသည့် ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦးအတွက် စက်ဘီးအစီး (၁၀၀)ကို အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ များထံသို့လည်းကောင်း၊ အခြေခံပညာကျောင်းများမှတက် ရောက်လာကြသည့် ဆရာဆရာမ (၁၆၂၉)ဦးအတွက် ကျောင်းစိမ်းဝတ်စုံများကို ကျောင်းအုပ်များထံသို့လည်းကောင်း၊ တက်ရောက်လာသည့် ဆရာဆရာမများအတွက် ချီးမြှင့်ငွေကျပ် (၇၈၅၀၀၀) အားလည်းကောင်း၊ သီဆိုဖျော်ဖြေခဲ့သည့် ကျောင်းသားကျောင်းသူများအတွက် ချီးမြှင့်ငွေကျပ် (၁၀၅၀၀၀) အားလည်းကောင်း၊ ဝန်ကြီးချုပ်မိသားစုမှ လှူဒါန်းသည့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအတွက် ငါးပါးသီလဓမ္မဒါနစာအုပ် (၁၈၀၀) ကျော်တို့ကို လည်းကောင်း၊ ချီးမြှင့်ပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူများ၏ ဂုဏ်ပြုသီဆိုမှုများကို ကြည့်ရှုအားပေးပြီးနောက် ပျော်ရွှင်ကြည်နူးစွာဖြင့် စက်ဘီးများ ကိုယ်စီစီးနင်း၍ ထွက်ခွာကြသည့် ကျောင်းသား၊ ကျောင်းသူများကို ရင်းနှီးစွာ အားပေးနှုတ်ဆက်ခဲ့ကြောင်းသိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)