ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သား လမ်းပိုင်းမှ ပျက်စီးနေသည့် နေရာများအား ပြန်လည်ပြုပြင်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သား လမ်းပိုင်းမှ ပျက်စီးနေသည့် နေရာများအား ပြန်လည်ပြုပြင်ပေး

 



MNP - နိုဝင်ဘာ ၂၃


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု မြန်ဆန်ရေး ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်းပိုင်းမှ ပျက်စီးနေသည့်နေရာများအား ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီပြီဖြစ်ကြောင်း သိရသည်။


အဆိုပါလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်(၁၈၁.၃၇၀)သန်းဖြင့် လမ်းအရှည်(၈.၈၅) ကီလိုမီတာမှ(၉.၀၅)မီတာအထိ လမ်းအရှည်(ဝ.၂)ကီလိုမီတာနှင့် (၁၁.၂၇)ကီလိုမီတာမှ (၁၂.၀၇) ကီလိုမီတာအထိ လမ်းအရှည်(ဝ.၈)ကီလိုမီတာ၊ စုစုပေါင်းပျက်စီးနေသည့် (၁) ကီလိုမီတာအား မူလလမ်းအကျယ် (၃.၆၆) မီတာပျက်စီးနေသည့် လမ်းမျက်နှာပြင်အားတူးထုတ်ပြီး (၅၀)မီလိုမီတာနှင့် (၁၀၀) မီလိုမီတာအရွယ် ကျောက်များဖြင့်ကြိတ်ခင်းပြီး မူလလမ်းအကျယ်(၃.၆၆)မီတာမှ(၅.၅)မီတာအထိ တိုးချဲ့ရန်အတွက် လမ်းဘေး ဝဲ/ယာနှစ်ဘက်တွင် တစ်ဖက်လျှင်(၁.၅၂)မီတာအကျယ်တွင် (၅၀)မီလိုမီ တာမှ(၁၀၀)မီလိုမီတာအရွယ် ကျောက်များဖြင့် (၂၅၀)မီလိုမီတာ  ဒုတိယအခြေ ခံအလွှာခင်းခြင်း၊ အခြေခံလွှာအဖြစ်(၇၅)မီလိုမီတာအောက် ကျောက်များဖြင့် (၆.၁)မီတာအကျယ် (၁၂၅)မီတာထု (၂)လွှာခင်းခြင်း၊ (၂၅)မီလိုမီတာနှင့်(၅၀)မီလိုမီတာအရွယ် ကျောက်များဖြင့် (၅.၅)မီတာအကျယ် (၇၅)မီလိုမီတာထု အပွန်းခံလွှာခင်းခြင်း၊ (၃၇.၅) မီလိုမီတာထုအဝင် ကတ္တရာလောင်းခြင်းနှင့် ကတ္တရာ ရေပိတ်လွှာလောင်းခြင်း၊ လမ်းပုခုံးမြေနီဂျင်းကျောက်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး လုပ်ငန်းများပြီးစီးပြီဖြစ်သဖြင့် ဒေသတွင်းကျေးရွာများမှ ထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် ပိုမိုလျင်မြန်လာသေ ာကြောင့် လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာပြီ ဖြစ်ကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန်အတွက် လမ်းများ၊ တံတားများ၊ လူနေထိုင်ရာအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ်သက်သာစေရန်နှင့် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများသယ်ယူရာတွင် အချိန်တိုအတွင်းလွယ်ကူမြန်စွာ သယ်ယူနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ဖွံ့ဖြိးတိုးတက်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)