ဖျာပုံမြို့အထက-၁ကျောင်းတွင်ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြား များထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့အထက-၁ကျောင်းတွင်ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြား များထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်



MNP - နိုဝင်ဘာ   ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အမှတ်(၁၂)ရပ်ကွက်၊ အထက-၁ ကျောင်းတွင်နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ၊ အသက်(၁၀)အထက်ကျောင်းသား၊ ကျောင်းသူများအား လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီး မှူးရုံးမှမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်" လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားများထုတ် ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို နိုဝင်ဘာလ(၂၃)ရက်နေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့အမှတ်(၁၂)ရပ်ကွက်၊ အထက-၁ကျောင်းခန်းမ၌ပြုလုပ်ပေးခဲ့ကြသည်။

ထိုသို့ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှမြို့နယ်ဦးစီးမှူးဦးဇော်လွင် ဦးဆောင်သောဝန်ထမ်းများက အမှတ် (၁၂)ရပ်ကွက်၊ အထက-၁ ကျောင်းအတွင်းရှိ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ အသက် (၁၀) နှစ်ပြည့်ပြီးနိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူကျောင်းသား၊ ကျောင်းသူ (၁၀၀)ကျော် အားကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ပြီး၊ မြို့နယ်အတွင်းရှိအခြေခံပညာဦးစီးဌာနရှိကျောင်းများနှင့်ရပ်ကွက်/ ကျေးရွာများကိုလည်း နေ့ရက် အလိုက်ပန်းခင်းစီမံချက်(၂) အဖြစ်နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများကိုထုတ်ပေး နိုင်ရေးကွင်း ဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှသိရှိရသည်။


သတင်း - အောင်ဝင်းနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)