ပင်လောင်းမြို့၌ မြို့နယ်အဆင့်အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲ့မှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပင်လောင်းမြို့၌ မြို့နယ်အဆင့်အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲ့မှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်




MNP - နိုဝင်ဘာ   ၆


ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မြို့နယ်အဆင့် အခြေခံပညာကျောင်းအုပ်ကြီးများစီမံခန့်ခွဲ့မှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးတင်ငွေက အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များကို အဖွင့်အမှာစကားတွင်ပြောကြားပြီး၊ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် စီမံခန့်ခွဲရေးဘာသာရပ်၊ ဘဏ္ဍာရေးဘာသာရပ်၊ ပညာရေးဘာသာရပ်၊ စစ်ဆေးရေးဘာသာရပ်၊ စာရင်းအင်းဘာသာရပ်များဖြင့် မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာဘာသာရပ်အလိုက် ဦးဆောင်ဆွေးနွေးမည့် ဆရာကြီး(၃)ဦးတို့က ဆွေးနွေးသွားမည်ဖြစ်သည်။


ဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း (၂၅၆)ဦး တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို နိုဝင်ဘာလ(၅) ရက်နေ့နှင့် နိုဝင်ဘာလ(၆)ရက်နေ့ နှစ်ရက်ကြာပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ခွန်အာကာစိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)