တောင်ကုတ်မြို့နယ်၌ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲနှင့် တောင်သူအသိပညာပေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲနှင့် တောင်သူအသိပညာပေးကျင်းပ

 


MNP - နိုဝင်ဘာ   ၆


ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီမိုးစပါးတစ်ဧက အထွက်နှုန်းတင်း(၁၀၀)ကျော် အထွက်နှုန်းရရှိရေး မိုးစပါးစံပြကွက်ရိတ်သိမ်းခြင်းနှင့် တောင်သူများသို့ အထွက်နှုန်းအသိပညာပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကင်းတောင်စံပြကျေးရွာရှိ တောင်သူဦးငမဲပါ (၂၂)ဦး၏ ကွင်းအမှတ်-၅၉ (ဃ)မိုးစပါးစံပြကွက် ၌ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်းက မိုးစပါးများအထွက်နှုန်းတိုးတက်ရေးအတွက် စိုက်နည်းစနစ်နှင့်မျိုးစေ့များကို ပြောင်းလဲစိုက်ပျိုးရန်လိုအပ်ကြောင်းပြောကြားပြီးနောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးတင်လင်းထွဋ်က မိုးစပါးအထွက်နှုန်းကောင်းမွန်ရေးအတွက် သမားရိုးကျစိုက်ပျိုးနည်းများအစား ခေတ်မီသိပွံနည်းကျ စိုက်ပျိုးကြရန် အသိပညာပေးပြောကြားပြီးနောက် မိုးစပါးစံပြစိုက်ကွက်အတွင်း ခေတ်မီ ချွေလှဲ့ရိတ်သိမ်းစက်ကြီးဖြင့် ရိတ်သိမ်းချွေလှေ့ခြင်းများကို ဆောင်ရွက်ရာတွင် ဆင်းသွယ်လတ်မျိုးစပါးတစ်ဧက ပျမ်းမျှအထွက်နှုန်း အစို ၁၅၅.၅ တင်းနှုန်းနှင့် အခြောက် ၁၁၇ တင်းထွက်ရှိကြောင်း တွေ့ရှိရသည်။


ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် မိုးစပါးမျိုးစေ့ထုတ်တောင်သူများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှတောင်သူများသို့ အောင်မြင်သည့် စပါးမျိုးစေ့နှင့်စပါးနှံများကိုပြသရာ တောင်သူများက စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြပြီး တောင်သူများ၏မေးမြန်ချက်များကို မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)