မာန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲဒုတိယနေ့ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲဒုတိယနေ့ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး





MNP ၊ နိုဝင်ဘာ  ၂၉

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ် ရေး စာမေးပွဲ ဒုတိယနေ့အဖြစ်အထွေထွေဗဟုသုတဘာသာရပ်ကို ယနေ့ နံနက်(၉)နာရီက မာန်အောင် အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြု လုပ်ရာ စာမေးပွဲဖြေဆိုနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသူရိန်စိုးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ထိုသို့  မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲ ဒုတိယနေ့အဖြစ် အထွေထွေ ဗဟုသုတဘာသာရပ်ကို မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူ(၂၂)ဦး၊ ဒဿမတန်း ကျောင်းသား၊ ကျောင်းသူ(၁၃)ဦးနှင့် ဧကာဒဿမတန်းမှ ကျောင်းသား၊ ကျောင်းသူ (၈)ဦး၊စုစုပေါင်း(၄၃)တို့က အထွေထွေဗဟုသုတ ဘာသာရပ်အား ဝင်ရောက်ဖြေဆိုကြပြီးနိုဝင်ဘာ(၃၀)ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို မြို့မအားကစား ဘောလုံးကွင်းတွင် ဆက်လက်ကျင်းပ စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)