တန့်ယန်းမြို့နယ်တွင် လောင်စာသုံးစွဲမှု သက်သာလျော့ပါးရေး ကွန်ကရစ်မီးဖို သုံးစွဲနည်းသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ယန်းမြို့နယ်တွင် လောင်စာသုံးစွဲမှု သက်သာလျော့ပါးရေး ကွန်ကရစ်မီးဖို သုံးစွဲနည်းသင်တန်း ဖွင့်လှစ်



MNP - နိုဝင်ဘာ  ၂၉


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာန၏ ရပ်ရွာလူထု ပူးပေါင်းပါဝင်သော ကျေးရွာများ တည် ဆောက်ခြင်းစီမံကိန်းမှ လောင်စာသုံးစွဲမှု သက်သာလျော့ပါးရေးအတွက် ကွန်ကရစ်မီးဖို သုံးစွဲနည်းနှင့် ကွန်ကရစ်မီးဖို ပြုလုပ်နည်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အမှတ်(၁)ရပ်ကွက်ရှိ လှဧကရီခန်းမ၌ ကျင်းပသည်။


အဆိုပါ ကွန်ကရစ်မီးဖိုသုံးစွဲနည်းနှင့် မီးဖိုပြုလုပ်နည်းသင်တန်းဖွင့်ပွဲတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ နာယက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က သင်တန်းဖွင့် အမှာစကား ပြောကြားပြီး စီမံချက်အရာရှိ ဦးကျော်ဇေယျာလင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ အမှုဆောင်ကော်မတီ အဖွဲ့ဝင် ဦးတင်မောင်ဝင်းတို့က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းကို ရှင်းလင်းတင်ပြကြသည်။


သင်တန်းကို ယမန်နေ့မှ ၃၀ ရက်နေ့ထိ သုံးရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန၊ မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ပါဝင်ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ် ကြက်ခြေနီအသင်းခွဲမှ သိရသည်။


သတင်း - မင်းလွင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)