လယ်ဝေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ စတင်ဖြေဆို ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ စတင်ဖြေဆို ကျင်းပ

 


MNP - နိုဝင်ဘာ ၂၉


ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီကစတင်ဖြေဆိုကျင်းပခဲ့သည်။


လူရည်ချွန်စာမေးပွဲကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ၊ လူတွေ့နှုတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်း ဘာသာရပ်တို့ဖြင့် (၃)ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ယနေ့နံနက်ပိုင်း မြန်မာစာဘာသာရပ်၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းမှ Grade-9 တွင်ကျောင်းသား(၁၆)ဦး၊ ကျောင်းသူ (၁၉)ဦး၊ Grade-10 တွင်ကျောင်းသား(၁၃)ဦး၊ ကျောင်းသူ(၁၆)ဦး၊ Grade-11 တွင်ကျောင်းသား (၁၄)ဦး၊ ကျောင်းသူ(၁၅)ဦး စုစုပေါင်း(၉၃)ဦးတို့  ဝင်ရောက်ဖြေဆိုခဲ့ကြသည်။


လူရည်ချွန်စာမေးပွဲအား အ.ထ.က(၁) လယ်ဝေးမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းမြင့်နှင့် အ.ထ.က(ကန်လှ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလာမြင့်တို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါကျောင်းသား၊ ကျောင်းသူများမှ ခရိုင်အဆင့်အတွက် အတန်းတစ်တန်းလျှင် ကျောင်းသားတစ်ဦး၊ ကျောင်းသူတစ်ဦးနှုန်းဖြင့် စုစုပေါင်း(၆) ဦးရွေးချယ်ကာ သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဝေကြည်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)