မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာ၊ သမိုင်းဝင် ကော့ရွဲစေတီတော်မြတ်ကြီး ဘက်စုံမွမ်းမံလှူဒါန်းငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာ၊ သမိုင်းဝင် ကော့ရွဲစေတီတော်မြတ်ကြီး ဘက်စုံမွမ်းမံလှူဒါန်းငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

 



MNP - နိုဝင်ဘာ  ၂၄


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာ၊ သမိုင်းဝင်ကော့ရွဲစေတီတော် မြတ်ကြီးအား ဘက်စုံမွမ်းမံလှူဒါန်းငွေပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် (၉)နာရီက ပြုလုပ်ခဲ့ရာလှူဒါန်းပွဲသို့ ကညှော်တိုက်ကျောင်း ဦးစီးပဓါနနာယက ဆရာတော် ဘဒ္ဒန္တဥူးပညာဇောတိနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဖြစ်ကြသော လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက် ကြသည်။


အခမ်းအနားတွင် နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီးနောက် ဆရာတော်ဘဒ္ဒန္တ ဥူးပညာဇောတိထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းမှ ဆရာတော်ထံလှူဖွယ် ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် အလှူရှင်ဦးလှထွန်းမှ လှူဒါန်းငွေ ကျပ်သိန်း ၅၀၀ အားလှူဒါန်းခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်မှ လက်ခံခဲ့ပြီး အခမ်းအနားအား


ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆိုခဲ့ကြပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)