ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေး




MNP - နိုဝင်ဘာ  ၂၄


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေး ချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအရှိန်အဟုန်မပျက် ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက  ပွင့်ဖြူမြို့နယ် ဖလံတော ကျေးရွာသို့ သွားရောက်ပြီး ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။


ထိုသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းအသိပညာပေး ဆွေးနွေးရာတွင် ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဦးက မြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့်ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် ကျေးလက်ဒေသလျှပ်စစ်မီးရရှိရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေးအတွက် ယခုကဲ့သို့ ကျေးရွာအရောက်ကွင်းဆင်းပြီး အသိ ပညာပေး ဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် မိမိကျေးရွာအတွက် လိုအပ် သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ကြောင်း၊ ထိုသို့ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ် အေးချမ်းရေး၊ ရပ်ရွာလုံခြုံရေးနှင့် တရားဥ ပဒေစိုမိုးရေးကိစ္စရပ်များကိုလည်း အလေးထား ဆောင်ရွက်သွားရန်လိုကြောင်း၊  နယ်မြေအတွင်း ထူးခြားဖြစ်စဉ်များ ရှိပါကသက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့၍ အကူအညီ ရယူဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။


ဆက်လက်၍ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များ၊သောက်သုံးရေရရှိရေးကိစ္စရပ်များနှင့်ပွင့်လင်းရာသီကာလ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီးဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့ နောက် ကျေးရွာနေပြည်သူများက မိမိတို့ကျေးရွာအတွက် ဆောင်ရွက်ပေးစေလိုသည့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို အကြံပြုဆွေးနွေး တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကို လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြသည်။   


သတင်း - လှိုင်ဝင်းလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)