နတ်မောက်မြို့နယ်၌ လူဦးရေစာရင်းများမှန်ကန်စေရေးမြေပြင်ရှိ အိမ်ထောင်စုစာရင်းများ တိုက်ဆိုင်စစ်ဆေးနိုင်ရေး ဌာနဆိုင်ရာများဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်၌ လူဦးရေစာရင်းများမှန်ကန်စေရေးမြေပြင်ရှိ အိမ်ထောင်စုစာရင်းများ တိုက်ဆိုင်စစ်ဆေးနိုင်ရေး ဌာနဆိုင်ရာများဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 


MNP - နိုဝင်ဘာ  ၂၆


နတ်မောက်မြို့နယ်၌ လူဦးရေစာရင်းများမှန်ကန်စေရေးမြေပြင်ရှိ အိမ်ထောင်စုစာရင်းများ တိုက်ဆိုင်စစ်ဆေးနိုင်ရေး ဌာနဆိုင်ရာများဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်က မြေပြင်ရှိ အိမ်ထောင်စု စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ E-ID Software Program ရေးသွင်းနိုင်ခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)အချက်အလက်များ မြေပြင်မှာ မှန်ကန်မည့်စာရင်းများ ကောက်ယူတိုက်ဆိုင်စစ်ဆေးခြင်းစသည့် အကြောင်းအရာများကို လည်းကောင်း၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများပြုလုပ်နိုင်ရန်၊ မြို့သန့်ရှင်းသာယာလှပစေရေးအတွက်ဆောင်ရွက်နိင်ရန်၊ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးလုံခြုံရေးကို အလေးထားဆောင်ရွက်စေလိုကြောင်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ စနစ်တကျ ဆောင်ရွက်ပေးနိုင်စေလိုကြောင်း စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက်တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများကလည်း မိမိတို့ဌာန အလိုက်လုပ်ငန်းဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခြင်းနှင့် လူဦးရေစာရင်းများ မှန်ကန် စေရေးမြေပြင်ရှိ အိမ်ထောင်စုစာရင်းများတိုက်ဆိုင်စစ်ဆေးလုပ်ငန်းများအား ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။


သတင်း - လှဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)