သံတွဲမြို့၌ အလုပ်သမားဥပဒေ အသိပညာပေး‌ ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ အလုပ်သမားဥပဒေ အသိပညာပေး‌ ဟောပြောပွဲကျင်းပ




MNP - နိုဝင်ဘာ   ၂၆


ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဖူလုံရေးရုံးတို့ပူးပေါင်း၍ အလုပ်ရုံ၊ အလုပ်သမားဆိုင်ရာ အသိပညာပေး‌ ဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁၂ နာရီက ငပလီမြို့ Pristine Mermaid Resort ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန္ဒာဝင်းက အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသော ဥပ‌ဒေများ၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပါ အချက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့်၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကောင်းမြတ်အောင်က အလုပ်ရုံအလုပ်သမား ဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်  မြို့နယ်လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဦးအောင်လင်းစိုးက လူမှုဖူလုံရေး အကျိုးခံစားခွင့်တို့ကို အသိပညာပေးဟောပြောခဲ့ကြသည်။


ထို့နောက် ဝန်ထမ်းများ၏ ပြန်လည်မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး Pristine Group Co.Ltd မှCoporate HR Manager ဦးရဲညီညီက ကျေးးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ ဝန်ထမ်းများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)