“တူယှဉ်နွဲပျော်ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ Season-2 ဒုတိယအဆင့် ( Level – 2) ဖွဲ့စဉ်(၁၃)ကို မြန်မာ့ရုပ်မြင်သံကြား၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“တူယှဉ်နွဲပျော်ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ Season-2 ဒုတိယအဆင့် ( Level – 2) ဖွဲ့စဉ်(၁၃)ကို မြန်မာ့ရုပ်မြင်သံကြား၌ ကျင်းပ




MNP - နိုဝင်ဘာ ၂၆


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကိုရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် စက်တင်ဘာ ၂ ရက်မှစတင်ပြီး ပွဲစဉ် ၁၈ ပွဲဖြင့် အပတ်စဉ်သောကြာနေ့ ညတိုင်းကျင်းပလျက်ရှိရာ ဒီဇင်ဘာ ၃၀ ရက်အထိ ဆက်လက်ကျင်းပမည် ဖြစ်သည်။


ယင်းပြိုင်ပွဲသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှရွေးချယ်ထားသည့် ပြိုင်ပွဲဝင် သုံးဦးစီဖြင့် စုစုပေါင်း ၄၅ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲ၏ ဒုတိယအဆင့် (Level-2) တွင် ယှဉ်ပြိုင်ရန် ပြိုင်ပွဲဝင် ၁၀ ဦးပေါ်ထွက်လာပြီး နိုဝင်ဘာ ၂၅ ရက်သောကြာနေ့ည ၉ နာရီခန့်တွင်ပွဲစဉ် (၁၃) Result Show ကို MRTV-HD မှ တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်ပြီးပြိုင်ပွဲဝင် ၁၀ ဦးတို့က‌တေးသီချင်းများဖြင့် သီဆိုကြ၍ မြန်မာ့အသံတေးဂီတအဖွဲ့မှ တီးခတ်ပေးကြသည်။


အဆိုပါ ပြိုင်ပွဲ၏ ဒုတိယအဆင့် (Level2)မှစ၍အကဲဖြတ်ဒိုင်များ၏ အမှတ်ပေးမှု ၃၀ ရာခိုင်နှုန်းနှင့် ပရိသတ်များ၏ SMS Voting ဖြင့် ပေးပို့မှ ၇၀ ရာခိုင်နှုန်းသတ်မှတ်ထားသည်။


အဆိုပါ Result Show ကြေငြာရာတွင်ပြိုင်ပွဲဝင်များဖြစ်ကြသောချင်းပြည်နယ်မှ မြင့်မြတ်သူ (MFO2)၊ ရန်ကုန် တိုင်းဒေသကြီးမှ ထွန်းပပအောင်(MFO3)၊ ပဲခူးတိုင်းဒေသကြီးမှ လျှမ်းထက်ကို(MF05)၊ ကရင်ပြည်နယ်မှ ချိုသဲဦး(MFO6)၊ ကချင်ပြည်နယ်မှ လလဆွတ်(MFO7)၊ နေပြည်တော်မှပူတူး(MFO9)နှင့် ဧရာဝတီတိုင်းဒေသကြီးမှ စိုးထက်အောင်(MF 10)တို့ (၇) ဦးသည်သီချင်းဆိုပြိုင်ပွဲ Season-2 ဒုတိယအဆင့် ( Level – 2) ဖွဲ့စဉ်(၁၄) သို့ တက်ရောက်သွားကြောင်း သိရသည်။


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)