ဆရာတော်ဦးဝါသဝ ကို လုပ်ကြံသတ်ဖြတ်ရန် အကြမ်းဖက်သမားများက အလှူငွေကောက်ခံလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆရာတော်ဦးဝါသဝ ကို လုပ်ကြံသတ်ဖြတ်ရန် အကြမ်းဖက်သမားများက အလှူငွေကောက်ခံလျှက်ရှိ



MNP ၊ နိုဝင်ဘာ ၂ 

ကန့်ဘလူမြို့ပေါ်မှ NLD အစွန်းရောက် အကြမ်းဖက်သမားများက မှော်တော်ကျေးရွာမှ ဆရာတော်ဦးဝါသ အား လုပ်ကြံသတ်ဖြတ်ရန် လူမှုကွန်ရက်စာမျက်နှာမှ အလှူငွေ ကောက်ခံလျက်ရှိသည်။


ကန့်ဘလူမြို့ပေါ်မှ NLD အစွန်းရောက်များ၏ ဆူပူအကြမ်းဖက်လှုံ့ဆော် စာမျက်နှာ တစ်ခုဖြစ်သည့် Infinity Group facebook page မှ "ထောက်ပို့ငွေ ၁၀ သိန်း နဲ့ ငပြူတွေကို ဗျင်းကြမယ်" ဟု အလှူငွေ တောင်းခံနေခြင်းဖြစ်သည်။

ဆရာတော် ဦးဝါသဝကို လုပ်ကြံသတ်ဖြတ်လိုသည့် အစွန်းရောက် အကြမ်းဖက်သမားများက "ကန့်ဘလူမြို့နယ်အတွင်းမှာ အခုနောက်ပိုင်း ဝါသဝတို့ပြူအုပ်စုဟာ တော်တော်သောင်းကြမ်းလာတာမို့ ဝင်ပီးဗျင်းရမယ့်အနေအထားတခုကို ရောက်လာပါပြီ။ ဝင်ဗျင်းမယ့်အဖွဲ့ကလဲ ထောက်ပို့ငွေ ၁၀ သိန်းဝန်းကျင် လိုအပ်နေတယ်လို့ ကျွန်တော်တို့ဆီကို ဆက်သြယ္လာပါတယ္ဗ်ာ။ ဒါကြောင့်မို့ ငပြူတွေကို ဝင်ဗျင်းမယ့်အဖွဲ့အတွက် ကျေးဇူးပြု၍ လှူပေးကြပါဗျာ။ ဒီလအစမှာ ဒီအဖွဲ့အတွက်ပဲ ကျွန်တော်တို့ အလှူခံပေးမှာဖြစ်ပီး သူတို့လိုအပ်တဲ့ ပမာဏတခုကို ရောက်သွားအောင် ကျေးဇူးပြု၍ လှူပေးကြပါဗျာ။" ဟု ရေးသားဖြန့်ဝေ၍ အလှူငွေ တောင်းခံနေခြင်းဖြစ်သည်။


ထိုသို့ လုပ်ဆောင်နေမှုနှင့် ပတ်သက်၍ ဆရာတော် က "ဘုန်းကြီးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့ပေါင်းလည်း များပါပြီ။ အောင်မြင်မှု မရခဲ့ကြဘူး။ ဘုန်းကြီးက ဒီလိုကောင်တွေကို ဘယ်ထည့်တွက်နေမလဲ။ သူတို့အလှူခံတယ်ဆိုတာလည်း ဘုန်းကြီးကို လုပ်ကြံဖို့ မဟုတ်ပါဘူး။ ခေါင်းစဉ်တပ်ပြီး လိမ်တောင်းတာပေါ့။ အလွဲသုံးစား လုပ်ကြဖို့ပါပဲ။ အများပြည်သူ ကောင်းကျိုး ဆောင်ရွက်ဖို့ အလှူခံတာ မဟုတ်ဘူး။ ယုတ်မာရိုင်းစိုင်းဖို့ အလှူခံတယ်ဆိုကတည်းက ဘယ်လိုလုပ် ယုတ္တိရှိပါ့မလဲ။ အလွဲသုံးစား လုပ်ဖို့ အလှူခံနေတာပါ။ ပြီးရင် ဘုန်းကြီးကိုလည်း ထိခိုက်အောင် ဘာမှ လုပ်နိုင်တာမဟုတ်ဘဲနဲ့ ခြေဖြတ်လိုက်ရပါပြီ၊ ဘာဖြစ်သွားပါပြီ၊ ညာဖြစ်သွားပါပြီ နဲ့ ပေါက်ကရတွေ ရေးတင်တာလည်း ဒီကောင်တွေပဲ။" ဟု မိန့်ကြားသည်။


Infinity Group facebook page ကို ကိုင်ထားသည့် Admin များမှာ မန္တလေးမြို့ပေါ်တွင် တိမ်းရှောင်နေထိုင်ကြပြီး မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သိရသည်။


ဆရာတော်ဦးဝါသဝအနေဖြင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် နေ့စဉ်နေ့တိုင်း ကျေးရွာများသို့ လှည့်လည်ပြီး ပြည်သူ့စစ်ဖွဲ့စည်းနိုင်ရေး၊ အကြမ်းဖက်အန္တရာယ်ကာကွယ်ရေး ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်လှုပ်ရှားသူများ၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုသော NLD အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ဆရာတော်ကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းလာကြခြင်းဖြစ်သည်။ ဆရာတော်အား NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက သုံးကြိမ်တိုင်တိုင် ဆွဲမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သော်လည်း ဆရာတော်ကို ထိခိုက်ခဲ့ခြင်း မရှိပေ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)