စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် NUG, CRPH, PDF အကြမ်းဖက်သမားအနေဖြင့် စစ်ဗိုလ်ဟောင်း၊ ဒေါက်တိုင်အစစ်ဖြစ်သော မိမိကို လာသတ်နိုင်ကြောင်း ဦးခင်ရီ ဖိတ်ခေါ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် NUG, CRPH, PDF အကြမ်းဖက်သမားအနေဖြင့် စစ်ဗိုလ်ဟောင်း၊ ဒေါက်တိုင်အစစ်ဖြစ်သော မိမိကို လာသတ်နိုင်ကြောင်း ဦးခင်ရီ ဖိတ်ခေါ်



MNP ၊ နိုဝင်ဘာ ၃

ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ် ပါတီဝင်သစ်များ ကတ်ပြားပေးအပ်ပွဲအခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက သံဃာတော်များကို သတ်ဖြတ်၊ အမျိုးသမီးများကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိသော NUG, CRPH, PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် မိမိသည် စစ်ဗိုလ်ဟောင်း၊ ဒေါက်တိုင် အစစ်ဖြစ်သဖြင့် လာသတ်နိုင်ကြောင်း၊ သံဃာတော်များနှင့် အမျိုးသမီးများကို သတ်ဖြတ်နေခြင်းမှာ ပုံစံမကျတော့ကြောင်း ထည့်သွင်းပြောဆိုသွားသည်။


ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက "၈၈ တုန်းကလိုပဲ NUG, CRPH, PDF တို့ ဒါတွေက ပေါ်လာတယ်။ ကျွန်တော့်ကို သတ်လို့ရတယ်။ ဘာလို့ဆို ကျွန်တော်က စစ်ဗိုလ်ဟောင်း။ သတ် ကြိုက်တဲ့နေရာမှာ သတ်၊ မဟုတ်ဘူးလား။ ကျွန်တော် ပြည်ခိုင်ဖြိုးပါတီမှာ တာဝန်ရှိတဲ့သူ၊ ဒေါက်တိုင် တကယ့် ဒေါက်တိုင်၊ မဟုတ်ဘူးလား ကျွန်တော်ပြောတာ။ ကျွန်တော့်ကို သတ်လို့ ရတယ်။ ဒါပေမယ့် ဆရာတော်ဘုရားတွေ သတ်လို့တော့ မရဘူး။ မကောင်းဘူး။ အမျိုးသမီးတွေ သတ်လို့ မရဘူး။ အမျိုးသမီးများထဲမှာ ကိုယ်လေးလက်ဝန် ရှိတဲ့ အမျိုးသမီးများ အသတ်ခံခဲ့ရတယ်။ အမျိုးသမီးထဲမှာမှ ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေကို သတ်နေကြတယ်။ ဒါက ပုံစံမကျဘူး။ ဒီအတိုင်း ပွဲပြီးမလား။ မပြီးဘူး။" ဟု ထည့်သွင်းပြောဆိုသွားသည်။


ပြည်ပကို ထွက်ပြေးသွားသူများ၏ လှုံ့ဆော်မှုများနောက်တွင် လူငယ်များက လိုက်ပါလုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ က ထွက်ပြေးသွားသူများမှာ မြန်မာနိုင်ငံသားများ မဟုတ်တော့ကြောင်း၊ ဦးသိန်းစိန် အစိုးရလက်ထက်တွင် အမျိုးသားရင်ကြားစေ့ရေးအတွက် ပြည်ပရောက်နေသူများကို ဖိတ်ခေါ်ခဲ့ဖူးသော်လည်း ဒီလိုအခြေအနေမျိုး ဖြစ်လာဖို့ မလွယ်ကူကြောင်း၊ ပြည်ပြေးများ၏ လှုံ့ဆော်မှုနောက်တွင် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို လုပ်ကြံသတ်ဖြတ်နေသော လုပ်ရပ်များသည် လွန်စွာမိုက်မဲလွန်းသော လုပ်ရပ်များဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားခဲ့သည်။


တပ်ကုန်းမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင်အဖြစ် ဝင်ရောက်လာသူ ၅၁၈ ဦးအား ပါတီဝင်ကတ်ပြား ပေးအပ်ပွဲ အခမ်အးနားတွင် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိသော NUG, CRPH, PDF တို့၏ အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ ဦးခင်ရီက ထည့်သွင်း ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)