စဉ့်ကူးမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပ



MNP ၊  နိုဝင်ဘာ   ၃

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ တွင် ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင် က နိုင်ငံတစ်ဝန်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “မိဘပြည်သူများသို့ အသိပေး ထုတ်ပြန်ချက်” လက်ကမ်းစာစောင်များအား အခမဲ့ ဖြန့်ဝေပေးလျက်ရှိရာ နိုင်ငံသားစိစစ်ရေး ကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ (အထစ)နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။


ဆက်လက်၍ စဉ့်ကူးမြို့နယ်လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရွှေဝင်း က နိုင်ငံသားစိစစ်ရေးကတ်များနှင့်ပတ်သက်၍ နိုင်ငံသားစိစစ်ရေးကတ် တစ်ခု ထက်ပို၍ ကိုင်ဆောင်ထားပါက သက်ဆိုင်ရာမြို့နယ်လဝကရုံးများတွင် အမြန်ဆုံး ပြန်လည် အပ်နှံကြရန်၊ ကတ်အပိုများ အပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ယူထားသော နိုင်ငံသားကတ်ကိုသာ အတည်ပြု၍ ယခင်ကတ် အပိုများအား ပယ်ဖျက်စာရင်းသွင်းမည်ဖြစ်ကြောင်း၊  အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ-၆၆/၆(အထစ) နှင့်ပတ်သက်၍ ပုံစံ-၆၆/၆(အထစ) တစ်ခုထက်ပို၍ ကိုင်ဆောင်ထားပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးများတွင် အမြန်ဆုံးသွားရောက်ဖြေရှင်းသွားကြရန်၊ ကတ်အပိုများ အပ်နှံခြင်း မပြုပါက နောက်ဆုံးထုတ်ယူထားသော ပုံစံ-၆၆/၆(အထစ)ကိုသာ အတည်ပြု၍ ယခင်ပုံစံများအား ပယ်ဖျက်စာရင်းသွင်းမည်ဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြု ကတ်တစ်မျိုးမျိုးကိုင်ဆောင်သူ (၅၂)သန်းကျော်အား စာရင်းသွင်းပြီးဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း ကွဲလွဲမှုများအား နီးစပ်ရာမြို့နယ်လဝကရုံးများသို့ သွားရောက် ဖြေရှင်းဆောင်ရွက်ကြရန်နှင့် သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊  အဆိုပါအသိပေးထုတ်ပြန်ချက်နှင့်ပတ်သက်၍ ၁-၁၁-၂၀၂၂ ရက်နေ့အထိ ဆောင်ရွက်နိုင်ကြောင်း သတ်မှတ်ထားသော်လည်း ယခုအခါ ၁၅-၁၁-၂၀၂၂ ရက်နေ့အထိ လာရောက်ဆောင်ရွက်နိုင်ကြောင်း စသည့် ပြည်သူများသိရှိရမည့်အချက်များအား အကျယ်တဝင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)