ကျောက်ဖြူမြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်




MNP ၊ နိုဝင်ဘာ   ၃

ရခိုင်ပြည်နယ်၊ ကျေက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူးကျင်းပမည့် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏  စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပနိုင်ရေး  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့   နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပမည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး  ကိစ္စရပ်များ၊  ဌာနများအလိုက် ပဒေသာပင်ဆောင်ရွက်နေမှုအခြေအနေများ၊ မဟာဘုံကထိန်ဖြစ်မြောက်ရေးကော်မတီမှ  ဆောင် ရွက်နေသည့် လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဌာနများအလိုက် ဆွေးနွေးတင်ပြကြရန်လိုအပ်ကြောင်း ပြောကြား ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့် ခရိုင်သာသနာရေးဦးစီးဌာန၊ ခရိုင်သာသနာ့ရေးမှူးတို့မှ ဌာနများအလိုက် ပဒေသာပင်ဆောင်ရွက်နေမှု ကိစ္စရပ်များ၊ မြို့နယ်အတွင်း ကထိန်မရရှိသေးသော ဘုန်းတော်ကြီး ကျောင်းများနှင့် ပင့်သံဃာများကို  ဘုံကထိန်ဆက်ကပ်နိုင်ရန်လျာထားမှုအခြေအနေ အစီအစဉ်များကို ဆွေးနွေး တင်ပြခဲ့ကြသည်။


ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက မဟာဘုံကထိန်ဖြစ်မြောက်ရေး ကော်မ တီများ၏ ကဏ္ဍအလိုက်လုပ်ဆောင်မည့် လုပ်ငန်းတာဝန်များအား အသီးသီးဆွေးနွေးတင်ပြကြရာ  တင်ပြချက်များ အပေါ်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)